ချဲလ်ဆီးကတော့ ကီပါနေရာမှာ အစားထိုးဖို့ မန်ဒီကို ခေါ်ယူပြီး ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ပွဲထွက်ကစားခွင့်ရနေတဲ့ ကာဘယ်လီရိုရဲ့ အမှားကို ကစားဖော် ဂျော်ဂျင်ဟိုကို သေချာ ရှင်းလင်းပြောပြနေတဲ့ ပုံစံကို ပရိသတ်တွေက ပြန်လည်လှောင်ပြောင်ခဲ့ကြတာပါ။

ဝက်စ်ဘရွန်းအသင်းနဲ့ ၃ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဝက်စ်ဘရွန်းအသင်းက ဦး‌ဆောင်ဂိုး သွင်း လိုက်ချိန်မှာ မိမိအသင်းရဲ့ ပွဲထွက်ဂိုးသမား ကာဘယ်လီရိုရဲ့ အမှားတွေကို အရံခုံမှာထိုင်ရင် အခြားကစားဖော် တစ်ဦးကို ရှင်းပြနေတဲ့ ဂိုးသမားကီပါရဲ့ အပြုအမူအပေါ် ပရိသတ်တွေက လှောင်ပြောင်နေကြတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။

ကီပါအနေနဲ့ အသင်းရဲ့ စျေးကြီးပေး ခေါ်ယူခြင်း ခံထားရတဲ့ ဂိုးသမားဖြစ်ပေမယ့်လည်း ထိုက်တန်တဲ့ လက်စွမ်း မပြနိုင်ပဲ မမှားသင့်တဲ့ အမှားတွေ မှားနေခြင်းကြောင့် နည်းပြ လမ်းပတ်က ပြီးခဲ့တဲ့ ကာရာဘောင်ဖလားပွဲကစပြီး အရံခုံပေါ် ပို့ထားတာပါ။

သူ့နေရာမှာ အစားထိုးဖို့လည်း ပြင်သစ်ကလပ် ရန်းနက်စ်အသင်းက ဆီနီဂေါ ဂိုးသမား မန်ဒီကို ပေါင်၂၂ သန်းနဲ့ ခေါ်ယူပြီး ဖြစ်ပေမယ့် အဆိုပါ ဂိုးသမားမှာ အသင်းနဲ့ ပွဲထွက်ဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ဝါရင့် ဂိုးသမား ကာဘယ်လီရိုကို အစားထိုးအသုံးပြုနေရတာပါ။

သတင်းဓာတ်ပုံမှာ ဖော်ပြချက်ကတော့ ဂိုးသမားကီပါအနေနဲ့ အရံခုံပေါ်မှာအခြားကစားဖော် ဂျော်ဂျင်ဟိုကို ဝက်စ်ဘရွန်းဖက်က ရော်ဘင်ဆင် သွင်းယူခဲ့တဲ့ ဂိုးအပေါ် မဖမ်းနိုင်ပဲ ခွင့်ပြုပေးလိုက်ရတဲ့ ကာဘယ်လီရိုနဲ့ ပတ်သက်ပြီး ရှင်းပြနေတဲ့ဟန်က ပရိသတ်တွေအကြားရေပန်းစားနေခဲ့တာပါ။

ပရိသတ်တစ်ဦးကဆိုရင် - “ကီပါရဲ့ ဂိုးဝင်သွားတာကို ရှင်းပြနေတဲ့ပုံစံလေးကို ချစ်လိုက်တာ”ဆိုပြီး စနောက် ဖော်ပြ လာပါသေးတယ်။

အခြားသူတစ်ဦးကဆိုရင် ကီပါအတွက် ဝမ်းနည်းစွာ အကြံပေးရရင် အရံခုံပေါ်မှာ ကိုယ့်ကိုယ်ကို ဘာဆက်လုပ်ရမ လဲဆိုတာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချမှတ်သင့်တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပထမပိုင်းမှာ ၃ဂိုးပြတ်အရေးနိမ့်နေပေမယ့် ဒုတိယပိုင်းမှာတော့ ၃ဂိုးပြန်သွင်းနိုင်တာ ကြောင့် ပွဲအပြီးမှာ သရေတစ်မှတ်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က