စီးပွားရေးကိုသာ ဂရုစိုက်ကြသူတွေလို့လည်း စွပ်စွဲပြောခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ လက်စတာနဲ့ကစားဖို့အတွက် စီနီယာအသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမား ၁၃ဦးသာရှိတယ်လို့ နည်းပြ ဂွါဒီယိုလာက ဆိုပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပွဲစဥ်ဇယားရေးဆွဲထားမှုဟာ ကစားသမားတွေအပေါ် လုံးဝ ဂရုမစိုက်သလို ဖြစ်နေတယ်လို့ စွပ်စွဲပြောဆိုလာပါတယ်။



ဒါ့အပြင် သူ့အသင်းမှာ လက်စတာအသင်းနဲ့ ကစားဖို့ ကြံ့ခိုင်မှုပြည့်တဲ့ကစားသမား ၁၃ဦးသာရှိပြီး ကစားသမား တွေဟာ စက်ရုပ်တွေ မဟုတ်တဲ့အကြောင်းလည်း ဖေန်ပြောဆိုခဲ့ပါတယ်။

ဂွါဒီယိုလာက အချိန်တိုလေးအတွင်းမှာ ကြပ်တည်းလှတဲ့ ပြည်တွင်း၊ပြည်ပ ပွဲစဥ်ဇယားရေးဆွဲမှုအပေါ်မှာလည်း စိုးရိမ်မှုဖြစ်ပေါ်နေပါတယ်။

“ဘယ်သူမှ ကစားသမားတွေကို ဂရုမစိုက်ပါဘူး၊စီးပွားရေးကိုပဲ ဂရုစိုက်နေကြပါတယ်။”လို့ ပတ်က ဝေဖန်ပြောဆို လာခဲ့တာပါ။

ယခုအချိန်ကစပြီး ‌အောက်တိုဘာ ၃၁ရက်နေ့အတွင်း စီးတီးဟာ ပွဲစဥ် ၈ ပွဲအထိ ကစားဖို့ရှိနေပြီး ၂ပွဲက ချန်ပီယံလိဂ်ပွဲကစားရမှာပါ။

ဒီအချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဂါဘရီရယ်ဂျီးဆပ်၊ဆာဂျီယိုအဂူရိုတို့အပါအဝင် အခြား အဓိက ကစားသမားအချို့ ဒဏ်ရာတွေ ကိုယ်စီရရှနေကြပါတယ်။

ဂျီးဆပ်က ကြွက်သားပြဿနာ၊အဂူရိုက ဒူးဒဏ်ရာ၊ဘာနန်ဒိုဆေးလ်ဗားက ကြွက်သားပြဿနာ၊ကန်ဆယ်လိုက ခြေဖဝါးဒဏ်ရာ၊ဇင်ချက်ကိုက ကြွက်သားပြဿနာ၊လာပေါ်တေးနဲ့ဂန်ဒိုဂန်တို့ကတော့ ကိုဗစ်ရောဂါပိုးတွေ့ထားလို့ သီးသန့် နေထိုင်နေရတာပါ။

အချိန်တိုအတွင်းမှာ ပွဲများစွာကစားရဖို့ ရှိနေတဲ့အပေါ်မှာတော့ ဂွါဒီယိုလာက - “မန်စီးတီးသာမက အခြားကလပ် နဲ့ နိုင်ငံအသင်းအားလုံး ဘယ်သူမှ ကစားသမားတွေအတွက် ဂရုစိုက်ပေးခြင်း မခံခဲ့ရပါဘူး။ယူအီးအက်ဖ်အေ၊ပရီး မီးယားလိဂ်နဲ့EFLတို့က တာဝန်ရှိသူအားလုံးဟာ သူတို့ရဲ့ စီးပွားရေးကိုသာ အရေးစိုက်ပါတယ်။”လို့ ဂွါဒီယိုလာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။

ကစားသမားတွေအနေနဲ့ ရာသီကို ၂ပတ်ပြင်ဆင်ချိန်ရခဲ့ပြီးနောက် ပြိုင်ပွဲကာလ ၁၁လအတွင်း ၃ရက်တစ်ပွဲနှုန်း ကစားရတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က