လက်စတာကို အိမ်ကွင်းမှာ ၅ဂိုးအထိပေးခဲ့ရတဲ့အပေါ် တော်တော်စိတ်ပျက်နေပါတယ်။
Pyae Phyo Thein

မာရက်ဇ်ရဲ့သွင်းဂိုးနဲ့ မန်စီးတီးတို့ ဦးဆောင်နို်င်ခဲ့ပေမယ့်လည်း လက်စတာက အကောင်းဆုံးတုံ့ပြန်သွားခဲ့ပြီး ဂွာဒီယိုလာကို စိတ်ပျက်စေလောက်တဲ့ ရလဒ်မျိုးဖန်တီးဟာ အီတီဟတ်ကနေ ၃ မှတ်ရယူသွားခဲ့ပါတယ်။ 


လက်စတာကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မန်စီးတီးနည်းပြဂွာဒီိယိုလာက သူ့ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက်ကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ မန်စီးတီးကစားသမားတွေဟာ ပြိုင်ဘက်ကို ကြောက်ရွံ့နေခဲ့ကြတယ်လို့ ဂွာဒီယိုလာကပြောဆိုခဲ့ပြီး သူ့ရဲ့နည်းပြဘဝသက်တမ်းမှာ ပထမဆုုံးအကြိမ်အဖြစ် အိမ်ကွင်းပေးဂိုးငါးဂိုးအထိ ပေးခဲ့ရတဲ့အပေါ်မှာ ဒေါသထွက်နေခဲ့ပါတယ်။

မန်စီးတီးဟာ လက်စတာကို ပယ်နယ်တီကန်သွင်းခွင့် ၃ ကြိမ်အထိ ခွင့်ပြုခဲ့ရပြီး ဗာဒီက အခွင့်အရေးတွေကို အပိုင်အသုံးချကာ ဟက်ထရစ်ရယူခဲ့ပါတယ်။ မာရက်ဇ်ရဲ့သွင်းဂိုးနဲ့ မန်စီးတီးတို့ ဦးဆောင်နို်င်ခဲ့ပေမယ့်လည်း လက်စတာက အကောင်းဆုံးတုံ့ပြန်သွားခဲ့ပြီး ဂွာဒီယိုလာကို စိတ်ပျက်စေလောက်တဲ့ ရလဒ်မျိုးဖန်တီးဟာ အီတီဟတ်ကနေ ၃ မှတ်ရယူသွားခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂွာဒီယိုလာက "သူတို့က ခံစစ်ကို အကောင်းဆုံးနဲ့ ကျစ်ကျစ်လစ်လစ်ကစားသွားခဲ့ပါတယ်၊ ကျွန်တော်တို့ကတော့ အခွင့်အရေးတွေမဖန်တီးနိုင်ဘဲ ကြောက်ရွံ့နေခဲ့ပါတယ်၊ သူတို့က ဒီပွဲကို တန်ပြန်တိုက်စစ်တွေနဲ့ပဲ ကစားချင်ခဲ့တာပါ၊ ဗာဒီရဲ့ လျင်မြန်မှုကို ကျွန်တော်တို့သိထားသလို ဟာဗေးဘားနက်စ်ကို ထိန်းချုပ်ဖို့လိုတယ်ဆိုတာကိုလည်း သိခဲ့ပြီးသားပါ"

"ဒါပေမယ့် ကျွန်တော်တို့ ပွဲစကတည်းက ကြောက်ရွံ့ထိတ်လန့်နေပြီးတော့ ကောင်းကောင်းမလုပ်နိုင်ခဲ့တော့ပါဘူး၊ အခွင့်အရေး ၁၀ ကြိမ်လောက်မဖန်တီးနိုင်ခဲ့လို့ အခက်တွေ့ခဲ့ရပါတယ်၊ ကျွန်တော်လက်လျှော့မှာတော့မဟုတ်ပါဘူး၊ ဒီပြသနာကို ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ၊ ဒါကခက်ခဲမယ်ဆိုတာသိပေမယ့် လက်ခံရမှာပါပဲ၊ အခုမှ ဒုတိယမြောက်ပွဲပဲရှိပါသေးတယ်" လို့ ဂွာဒီယိုလာက မန်စီးတီးအသင်းဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။ 

မန်စီးတီးအနေနဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ အဂူရိုနဲ့ ဂျီးဆပ်တို့ ဒဏ်ရာရနေပြီး ဂန်ဒိုဂန်ကလည်း ဗိုင်းရပ်စ်ကူုးစက်ခံရလို့ ကွာရန်တင်းဝင်နေရကာ ဘာနာဒိုဆေးလ်ဗားကလည်း ဒဏ်ရာကြောင့်အနားယူနေခဲ့ရပါတယ်။ ဒါကြောင့် လူငယ်ကစားသမားတွေကို အသင်းကြီးဆီခေါ်ယူခဲ့ရပြီး ဒီပွဲကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 


Author


က္က