ချယ်လ်ဆီး၊ မက္ကာဘီဟိုင်ဖာ၊ ယူနိုက်တက်တို့နဲ့ပွဲတွေကို လွဲချော်ဖွယ်ရှိနေတာပါ။
Pyae Phyo Thein

နယူးကာဆယ်ကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာဖြစ်ပြီး မော်ရင်ဟိုအတွက်တော့ ဒါဟာ စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။


တော့တင်ဟမ်ဟေ့ာစပါးအတွက် ခြေစွမ်းပြနေတဲ့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ဟာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် ရက်အနည်းငယ်အနားယူရတော့မယ်လို့ သိရပါတယ်။ နယူးကာဆယ်ကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာဖြစ်ပြီး မော်ရင်ဟိုအတွက်တော့ ဒါဟာ စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအတွက် ရာသီအစမှာခြေစွမ်းပြနေသူဖြစ်ပြီး တိုက်စစ်ပိုင်းမှာအားကိုးနေရသူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး ၄ဂိုးအထိ ရရှိထားပြီး အသင်းတိုက်စစ်ကို ဦးဆောင်နေကာ ခြေစွမ်းပြနေချိန်မှာမှ အခုလိုဒဏ်ရာကြောင့် လက်လွှတ်ရမယ့်အပေါ်မှာ မော်ရင်ဟိုကိုယ်တိုင်လည်း စိတ်ပျက်နေပြီး မနေ့ကပွဲမှာ ပထမပိုင်းအပြီးလူစားလဲခဲ့ရပါတယ်။ 

"တံကောက်ကြောဒဏ်ရာ သူ ရသွားခဲ့တာဖြစ်ပြီး သူ့ကို လက်လွှတ်ထားရတော့မှာပါ" လို့ ပွဲအပြီးမှာ မော်ရင်ဟိုက ပြောဆိုခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာတော့ စပါးဟာ လူးကပ်စ်မော်ရာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ပွဲချိန်နောက်ဆုံးအပိုင်းအခြားမှာ ပယ်နယ်တီပေးခဲ့ရလို့ တစ်ဂိုးစီသရေနဲ့ ကျေနပ်ခဲ့ရပြီး ပြိုင်ပွဲစုံနိုင်ပွဲဆက်နေမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။

ဆွန်ဟောင်မင်အနေနဲ့ လာမယ့်အင်္ဂါနေ့မှာကစားရမယ့် ချယ်လ်ဆီးနဲ့ ကာရာဘောင်းဖလားပွဲကို လွဲချော်မယ်လို့ ယူဆရပြီး ယူရိုပါလိဂ်ပွဲဖြစ်တဲ့ မက္ကာဘီဟိုင်ဖာ၊ မန်ချက်စတာယူနိုက်တက်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအထိပါ လွဲချော်နိုင်တယ်လို့လည်း သိရပါတယ်။ 



Author


က္က