ဂိုးတိုင်ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စကားစစ်ထိုးနေကြတာပါ။
Kyaw Ko Ko Sint

ဘရိုက်တန်နဲ့ပွဲမှာ ဂိုးတိုင်းမယ့် မော်ရင်ဟိုမရှိလို့ ပျော်ရပါတယ်ဆိုတဲ့ ဆိုးလ်ရှားရဲ့ စကားအပေါ်မှာ မော်ရင်ဟိုက ဆိုးလ်ရှားအနေနဲ့ ပင်နယ်တီရတာကိုပဲ ပျော်သင့်ပြီး ၁၈ကိုက်စည်းက အသင့်တော်ဆုံးဖြစ်မှာပါလို့ ပြန်လည်ခနဲ့ လိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ၂၂ကိုက်ပင်နယ်တီ ဧရိယာကို ပိုမိုကြိုက်နှစ်သက်တယ် လို့ စပါးနည်းပ မော်ရင်ဟိုက ဆိုလိုက်ပါတယ်။

မော်ရင်ဟိုအနေနဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဥ်တစ်ပွဲမှာ ပွဲမစခင် ဂိုးဧရိယာကို တိုင်းတာခဲ့ပြီး သတ်မှတ် ဂိုးဧရိယာ ရှိမ နေတဲ့အပေါ် တာဝန်ရှိသူကို ထောက်ပြခဲ့တာကြောင့် ဂိုးတိုင်ကို ပြန်လည်ပြင်ဆင်ပေးခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ထားခဲ့သူ ပါ။

ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ အငြင်းပွားဖွယ် လက်ထိဘောနဲ့ ပွဲသိမ်းခရာမှုတ်ပြီးမှာ ကွင်း လယ်ဒိုင်က VARပြန်ကြည့်ကာ ပင်နယ်တီပေးခဲ့လို့ ပွဲအပြီးမှာ ၃-၂နဲ့ အနိုင်ရရှိထားတဲ့အသင်းပါ။

ပွဲအပြီးမှာတော့ နည်းပြ ဆိုးလ်ရှားက - “ဒီနေရာမှာတော့ ဂျို့စ်လို့ ဂိုးတိုင်းတဲ့သူ မရှိလို့ ပျော်ရမှာပါ။”လို့ နောက် ပြောင်ပြောဆိုခဲ့ပါတယ်။

မော်ရင်ဟိုအနေနဲ့လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးကာဆယ်နဲ့ပွဲမှာ နာကျင်အချိန်ပိုရောက်မှ ပင်နယ်တီပေးခဲ့ရ လို့ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အငြင်းပွားဖွယ်ရာ ပင်နယ်တီ ပြစ်ဒဏ်ဘောနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ငြင်းဆန်ခဲ့ပြီး ဆိုးလ်ရှား စနောက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး - “ ဆိုးလ်ရှားအနေနဲ့ကတော့ ဘာမှ စိတ်မချမ်းမြေ့နေစရာမရှိပါဘူး။ကျွန်တော် အဲ့မှာရှိနေလည်း ဂိုးတိုင်က အဆင်ပြေနေတာပဲ၊သူ့အနေနဲ့ မနေ့က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ ပျော်ရွှင်နေသင့်ပါတယ်။နောက်ပြီး သူ့အတွက် ဂိုးရဲ့ အတိုင်းအတာက အရေးမကြီးဘူးလို့ ထင်ပါတယ်။အရေးကြီး တာကတော့ ၁၈ကိုက်စည်းပဲ ထင်ပါတယ်။၁၇ကိုက်ဆိုရင်တောင် အဆင်မပြေလှပါဘူး။သူကတော့ ၂၂ကိုက် စည်း ကိုသာ ပိုမို အလေးပေးပြီး သူ့အတွက်လည်း ပိုအဆင်ပြေဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်။”လို့ မော်ရင်ဟိုက ပြန်လည် ခနဲ့လိုက်တာပါ။

မနှစ်က ဘောလုံးရာသီက စပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပင်နယ်တီ အကြိမ် ၂၀အထိ ရရှိခဲ့ကာ ၁၅ဂိုးကို ဂိုးဝင်အောင် ကန်သွင်းယူနိုင်ခဲ့ပါတယ်။

စပါးနဲ့ ယူနိုက်တက်တို့ကတော့ လာမယ့် အောက်တိုဘာ ၄ရက်နေ့မှာ တွေ့ဆုံနေပေမယ့် ကြားထဲမှာ ကာရာ ဘောင်နဲ့ ယူရိုပါလိဂ်ပွဲတွေကို စပါးအသင်း ကစားရဖို့ ရှိနေပါသေးတယ်။


Author


က္က