ယနေ့ည(အင်္ဂါနံနက်)၁နာရီခွဲမှာ ကစားမှာပါ။

အာဆင်နယ်အသင်းဟာ လီဗာပူးနဲ့ နောက်ဆုံးကစားထားတဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ၅-၄နဲ့ အနိုင်ရထား ပေမယ့် အန်ဖီးလ်ကို နောက်ဆုံးလာကစားထားတဲ့ ၅ပွဲမှာတော့ ပေးဂိုးက ၂၀ အထိ ခွင့်ပြုထားရပါတယ်။

လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ အဝေးကွင်းကစားဖို့ အန်ဖီးလ်ကို ရောက်နေတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီ တာက သူတို့အသင်းအနေနဲ့ အနိုင်ရဖို့ ရောက်ရှိနေတာလို့ ထုတ်ဖော်ပြောလိုက်တဲ့အကြောင်း The Telegraph သတင်းဌာနက ဖော်ပြလာပါတယ်။



အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ရာသီအဖွင့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲမှာ နောက်ဆုံး တွေ့ဆုံထား ပြီး အဆိုပါပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အာဆင်နယ်က ၅-၄နဲ့ အနိုင်ရခဲ့တာပါ။

ဒါပေမယ့်လည်း အန်ဖီးလ်ကို နောက်ဆုံး လာရောက်ကစားထားတဲ့ ၅ပွဲဆက်တိုက်မှာတော့ အာဆင်နယ်အသင်း ဟာ ပေးဂိုး ၂၀အထိ ခွင့်ပြုထားရတဲ့ မှတ်တမ်းဆိုးကလည်း ရှိနေပြန်ပါတယ်။

“ဒီကို နိုင်ဖို့အတွက်ပဲ ရောက်နေတာပါ၊အနိုင်ရအောင်လည်းစွမ်းဆောင်သွားမှာပါ။ကျွန်တော်က ဒီလိုပြောလို့ မျက် နှာသာရထားတဲ့ အသင်း(သို့)ကစားသမားတွေအတွက် သရုပ်‌ဆောင်ပြနေခြင်းမဟုတ်ပါဘူး။ကျွန်တော့် ကစားသ မားတွေက ပွဲအခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသူတွေပါ၊အခုခေတ်ဘောလုံးမှာ တစ်နည်းတည်းနဲ့ အလုပ်မဖြစ် တော့ပါဘူး၊”လို့ အာတီတာက ဆိုလာတာပါ။

အာဆင်နယ်နဲ့တွေ့ဆုံမယ့်ပွဲအတွက် လီဗာပူးအသင်းမှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ သီယာ ဂိုလ်နဲ့ဂိုးသမား အယ်လီဆန်တို့ ဒဏ်ရာတွေ ရနေကြတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းမှာတော့ တင်ပါးဒဏ်ရာက သက်သာလာတဲ့ ဘယ်နောက်ခံလူ တီယာနေး ပြန်လည်ပါဝင် လာဖို့ရှိနေပြီး ယနေ့ည(တနင်္လာ) မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁နာရီခွဲမှာ ယှဥ်ပြိုင်ကစားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က