ယခုနှစ်မှ အသစ်ခေါ်ယူထားသူဖြစ်ပါတယ်။

ဘောလုံးပေးလိုက်ချိန်မှာ ကလေးတစ်ယောက်လို ပြုမူပြီး ဘောလုံးမရှိချိန်မှာတော့ ရင့်ကျက်ပြီး အတွေ့အကြုံ ပြည့်ဝတဲ့ ကစားသမားတစ်ဦးသဖွယ် မြင်ရတယ်လို့ ကလာ့ပ်က ညွှန်းဆိုလိုက်တာပါ။



ယခုနှစ်မှာမှ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ သီယာဂိုလ်အယ်လ်ကန်တာရာဟာ ဘောလုံးရရှိချိန်မှာ ကလေး လေး တစ်ယောက်လိုပဲလို့ နည်းပြ ကလော့ပ်က ထုတ်ဖော်ပြောဆိုလာပါတယ်။



လီဗာပူးဟာ သီယာဂိုလ်ကို ဘိုင်ယန်မြူးနစ်အသင်းထံကနေ ပေါင် သန်း၂၀နဲ့ ခေါ်ယူထားနိုင်တာ ဖြစ်ပြီး ချဲလ်ဆီး ကို ၂-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စတင်ပါဝင်ထားနိုင်ပါတယ်။

“အရိုးသားဆုံးဆိုရရင် သီယာဂိုလ်က ကစားသမားကောင်းတစ်ယောက်ပါ၊ပြီးခဲ့တဲ့ ချဲလ်ဆီးပွဲမှာ အခြားသူတွေ အတွက် ပုံမှန်မဟုတ်တဲ့ အရာတွေက သူ့အတွက် ပုံမှန်လို ဖြစ်နေတာမျိုး။တစ်ခုက သူမရှိပဲ ကျွန်တာ်တို့ ပရီးမီး ယားလိဂ်နဲ့ ချန်ပီယံလိဂ်ကိုရခဲ့တယ်။သူလည်း ဘိုင်ယန်နဲ့ အလားတူ ရခဲ့တယ်။ထူးခြားတာက သူ့ကို ဘောလုံး ပေးလိုက်ချိန်မှာသူက ကလေးတစ်ယောက်လို ပြုမူတတ်ပြီး ဘောလုံးမရှိချိန်မှာတော့ ရင့်ကျက်ပြီး အတွေ့အကြုံ ပြည့်ဝတဲ့ ကစားသမားတစ်ဦးသဖွယ် ဖြစ်သွားတယ်။”လို့ ကလော့ပ်က ညွှန်းဆိုပါတယ်။

သီယာဂိုလ်ကတော့ ချဲလ်ဆီးနဲ့ပွဲမှာ မိနစ်ဒုတိယပိုင်း ပါဝင်ကစားနိုင်ခဲ့ပြီး ဒုတိယပွဲအဖြစ်ကစားမယ့် အာဆင်နယ်နဲ့ ပွဲမတိုင်မီ ဒဏ်ရာရရှိနေလို့ ယနေ့မှာ ပါဝင်ဖို့ မသေချာပဲ လွဲချော်ဖို့ များနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က