တစ်ပတ်အတွင်း တွေ့ရှိမှု အများဆုံးလို့ သိရပါတယ်။

၂၀၂၀-၂၁ဘောလုံးရာသီ ပြန်လည်စတင်ချိန်ကစတင်ပြီး ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်း ၂၀မှ ကစားသမားနဲ့ တာဝန်ရှိသူတွေကို ကိုဗစ် အပတ်စဥ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ယခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအပြီးမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိသူ ၁၀ဦး ထပ်တိုးလာတယ်လို့ ပရီးမီးယားလိဂ်က ထုတ်ပြန်ကြေညာလာပါတယ်။



တွေ့ရှိသူတွေက ကစားသမားလား၊တာဝန်ရှိသူတွေလားဆိုတာကိုတော့ ထုတ်ပြန်ပေးလာခြင်းမရှိပဲ အခုအခါမှာ တော့ သီးသန့် ၁၀ရက် နေထိုင်နေစေပြီလို့လည်း သိရပါတယ်။

တစ်ပတ်တာအပြီး ရောဂါပိုးတွေ့သူ ၁၀ဦး တိုးလာတာကတော့ ပရီးမီးယားလိဂ် ပြန်စချိန်မှာ တွေ့ရှိမှု အများဆုံး ရက်သတ္တပတ်လည်း ဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ စက်တင်ဘာ ၂၁နဲ့ ၂၇ကြားထဲမှာ ကစားသမားနဲ့ ဝန်ထမ်းတွေအားလုံးပေါင်း ၁၅၉၅ဦးကို ကိုဗစ်စစ်ဆေးထားခဲ့ရာမှာ အခုလို ၁၀ဦးပိုးတွေ့လာတာပါ။

ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ကွင်းပိတ် ကျင်းပလျက်ရှိရာမှာ အပတ်စဥ်တိုင်း အသင်း ၂၀က ကစားသမားနဲ့ တာဝန် ရှိသူတွေကို ကိုဗစ်စစ်ဆေးလျက်ရှိတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြ ဒေးဗစ်မိုယက်စ်နဲ့အတူ ကစားသမားတွေ ဖြစ်ကြတဲ့ အစ်ဆာဒီအောက်နဲ့ဂျို့စ်ကူလန်တို့ ကိုဗစ်ရောဂါတွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က