ပရိသတ်တွေအတွက်တော့ တော်တော်လေးကို သဘောကျခဲ့ရပါတယ်။
Pyae Phyo Thein

ချေပဂိုးရဖို့လိုအပ်နေတဲ့အပြင် ဂိုးထပ်မပေးရဖို့လည်း အရေးကြီးတဲ့အချိန်မှာ ဒီယာထွက်သွားခဲ့လို့ စပါးဟာ ၁၀ ဦးတည်းနဲ့ ကစားခဲ့ရပြီး ဒီယာရဲ့ အိမ်သာသွားတက်မှုက မော်ရင်ဟိုအတွက်တော့ တော်တော်လေးကိုဖိအားများခဲ့ရပါတယ်။


စပါး နဲ့ ချယ်လ်ဆီးတို့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ စပါးကွင်းလယ်လူဟာအဲရစ်ဒီယာဟာ ပွဲကစားနေချိန်အတွင်း အိမ်သာအသုံးပြုဖို့လိုအပ်လာခဲ့တာကြောင့် ကွင်းအတွင်းကနေ အလျင်အမြန်ထွက်သွားခဲ့ကာ သူ့ပြသနာကို ဖြေရှင်းခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အရင်ကလည်း ကစားသမားတချို့ရင်ဆိုင်ခဲ့ရဖူးပေမယ့် ဒီတစ်ကြိမ်ကတော့ မော်ရင်ဟိုကြောင် ပရိသတ်တွေကြား ပြောချင်စရာအကောင်းဆုံးအဖြစ်အပျက်ဖြစ်လာခဲ့ပါတယ်။

ဒီယာက အိမ်သာသွားနေချိန်မှာ ပွဲကစားချိန် ၇၅ မိနစ်ခန့်ရှိနေပြီဖြစ်ပြီး စပါးကလည်း ၁ဂိုးပေးထားရကာ အရေးနိမ့်နေချိန်ဖြစ်ပါတယ်။ ချေပဂိုးရဖို့လိုအပ်နေတဲ့အပြင် ဂိုးထပ်မပေးရဖို့လည်း အရေးကြီးတဲ့အချိန်မှာ ဒီယာထွက်သွားခဲ့လို့ စပါးဟာ ၁၀ ဦးတည်းနဲ့ ကစားခဲ့ရပြီး ဒီယာရဲ့ အိမ်သာသွားတက်မှုက မော်ရင်ဟိုအတွက်တော့ တော်တော်လေးကိုဖိအားများခဲ့ရပါတယ်။

ဒါကြောင့်လည်း မော်ရင်ဟိုဟာ ဥမင်ထဲဝင်သွားခဲ့ပြီးနောက် အိမ်သာထဲထိလိုက်သွားကာ ဒီယာကို ကိစ္စမြန်မြန်ရှင်းဖို့ ဖိအားပေးသွားခဲ့တာဖြစ်ပါတယ်။ ဥမင်သွားလမ်းတစ်လျှောက်နဲ့ အိမ်သာသွားရာလမ်းကြောင်းတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကြောင့် မော်ရင်ဟိုဟာ ဒီယာကို အမြန်ဆုံးကွင်းထဲပြန်ဝင်လာဖို့ လိုက်ခေါ်ခဲ့တာကို တွေ့ရှိခဲ့ရတာဖြစ်ပြီး ပွဲကျစရာဖြစ်ရပ်လည်း ဖြစ်ခဲ့ရပါတယ်။ 

အဆိုပါပွဲမှာတော့ စပါးဟာ ၈၄ မိနစ်မှာ ချေပဂိုးပြန်ရခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူကာ နောက်တဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဒီယာကလည်း အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီးတော့ ပွဲအပြီးမှာ ဆရာတပည့်နှစ်ဦးဟာ သူတို့ရဲ့ အဖြစ်အပျက်အတွက် ရယ်မောပြောဆိုပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို Sky Sports က ဖြေရှင်းပြောဆိုခဲ့ပါတယ်။ 

ဒီယာက "သူ မပျော်မရွှင်ဖြစ်သွားမယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမယ့်လည်း ဒါကိုဖြေရှင်းဖို့က ဒီနည်းလမ်းပဲရှိတာလေ၊ သဘာဝအရဖြစ်လာတာပါ၊ ကျွန်တော်အိမ်သာသွားနေချိန်မှာ သူတို့အခွင့်အရေးတစ်ကြိမ်ရခဲ့တယ်လို့ပြောပါတယ်၊ ဒါပေမယ့် ဂိုးမရခဲ့လို့ ကျေးဇူးတင်ပါတယ်၊ အခုလိုလွဲချော်ခဲ့တာပဲ ကောင်းပါတယ်" လို့ ပြောဆိုသွားခဲ့ပြီး မော်ရင်ဟိုကတော့ အခုလိုပဲပြောခဲ့ပါတယ်။ 

"သူ အိမ်သာသွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူးလေ၊ သူ သွားရမှာပါ၊ ဒါက ရေဓာတ်ခမ်းခြောက်ချိန်မှာ ဖြစ်လေ့ရှိတာမျိုးလို့ ထင်ပါတယ်၊ သူ သွားရမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့်လည်း သူ အမြန်ပြန်လာပြီးတော့ လက်ကျန်မိနစ်တွေကို ကစားပေးဖို့ ကျွန်တော့်ဘက်က ဖိအားပေးဖို့ကြိုးစားခဲ့တာပါ၊ သူက အားလုံးအတွက်တော့ စံနမူနာယူစရာပါ၊ ဆီးသွားချင်တဲ့ပြသနာမဟုတ်ပါဘူး၊ သူ ကွင်းထဲကထွက်သွားရင် ဘာဖြစ်နိုင်မလဲ စဉ်းစားကြည့်လေ၊ ဒါကိုကျွန်တော်သိလို့ သူ့ကို တတ်နိုင်သမျှမြန်မြန်ပြန်လာဖို့ ဖိအားလိုက်ပေးလိုက်တာပါ၊ သူက ၄၈ နာရီအတွင်းမှာ မိနစ် ၁၈၀ တောင်ကစားခဲ့ရပြီး စွမ်းအင်တွေကုန်ခမ်းနေခဲ့ပါတယ်" လို့ မော်ရင်ဟိုက ရယ်မောပြီးတော့ ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က