အပြန်အလှန်စကားပြောဆိုမှု အနည်းငယ်ရှိခဲ့ကြတာပါ။

လမ်းပတ်နဲ့ မော်ရင်ဟိုတို့ကြားမှာလည်း အပြန်အလှန်စကားပြောဆိုမှုတွေရှိခဲ့ပြီး ကြီးမားတဲ့ပြသနာတက်ခဲ့တာမျိုးမဟုတ်ဘူးလို့ ပွဲအပြီးမှာ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။


စပါး နဲ့ ချယ်လ်ဆီးတို့ မနေ့ကကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာတော့ မော်ရင်ဟိုနဲ့ လမ်းပတ်တို့ ဆရာတပည့်နှစ်ဦးရဲ့ အားပြိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ လမ်းပတ်ဟာ နည်းပြဘဝမှာ မော်ရင်ဟိုကို အနိုင်ရရှိထားဖူးသူဖြစ်ပြီးတော့ မနေ့က ပွဲမှာတော့ မော်ရင်ဟိုက ပြန်လည်အနိုင်ယူကာ နောက်တဆင့်ကိုတက်ရောက်သွားခဲ့ပြီး တပည့်ဟောင်းကို ဖြုတ်ချထားနိုင်ခဲ့ပါတယ်။

ပွဲကစားချိန်အတွင်းမှာ မော်ရင်ဟိုဟာ ပွဲချိန်တွင်းဆုံးဖြတ်ချက်တချို့နဲ့ပတ်သက်ပြီး အကူဒိုင်ကို စောဒကတက်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ လမ်းပတ်နဲ့ မော်ရင်ဟိုတို့ကြားမှာလည်း အပြန်အလှန်စကားပြောဆိုမှုတွေရှိခဲ့ပြီး ကြီးမားတဲ့ပြသနာတက်ခဲ့တာမျိုးမဟုတ်ဘူးလို့ ပွဲအပြီးမှာ လမ်းပတ်က ဖွင့်ဟခဲ့ပြီး  မော်ရင်ဟိုရဲ့ ဒိုင်လူကြီးတွေအပေါ် အလွန်အမင်းပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ တားဆီးနိုင်ခြင်းမရှိခဲ့ဘူးဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။ 


"ကွင်းဘေးနားမှာ ကျွန်တော်တို့ အေးအေးချမ်းချမ်းပဲ ရှိခဲ့ကြတာပါ၊ ဟိုဆေးနဲ့ ကျွန်တော် ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုခဲ့ကြပြီး သူကလည်း ဒီအတိုင်းပဲလို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်ကတော့ သူက သူ့ကစားသမားတွေနဲ့စကားပြောတာထက် ဒိုင်လူကြီးနဲ့ပိုပြီးပြောနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တာပါ၊ သူ့ကို ကျွန်တော်အများကြီးလေးစားပါတယ်"

"သူ ကွင်းဘေးနားမှာ ဘာတွေပဲပြောပြောပေါ့၊ ပထမပိုင်းက အဖြစ်အပျက်တချို့နဲ့ပတ်သက်ပြီး သူ ခံစားခဲ့ရတယ်လို့ ထင်ပါတယ်" လို့ လမ်းပတ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုကလည်း သူ့အနေနဲ့ လမ်းပတ်ကို အကြံဉာဏ်တချို့ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ၀ါရင့်နည်းပြတစ်ဦးက လူငယ်နည်းပြတစ်ဦးကို ပြောဆိုခြင်းမျိုးသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

"ကစားသမားဘဝမှာ သူ ကျွန်တော့်အတွက်ပေးဆပ်ခဲ့တာတွေကို ကျွန်တော်မမေ့ပါဘူး၊ သူ့ကို ၀ါရင့်နည်းပြတစ်ဦးက လူငယ်နည်းပြတစ်ဦးကို ပြောပြစရာတွေပြောပြခဲ့ရုံပဲ၊ အသင်းအရေးနိမ့်နေချိန်မှာ ကွင်းဘေးကနေ ကစားသမားတွေကို ပြောဆိုဖို့လိုအပ်ပြီး သူတို့အနိုင်ရနေချိန်မှာ ကွင်းဘေးစည်းနားမှာ ကျွန်တော်တို့က ဘာဇာတ်ကောင်မျိုးမှဖြစ်စရာမလိုဘူးပါဘူးဆိုတာကို ပြောပြခဲ့တာပါ" လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ 



က္က