ပေါင် ၁၈ သန်းအထိ ပေးချေခဲ့ရပါတယ်။
Pyae Phyo Thein

ပြင်သစ်ကြယ်ပွင့်ကစားသမားဟာ ဒီနေ့မှာပဲ ဆေးစစ်မှုတွေပြုလပ်သွားမယ်လို့သိရပြီး ၅ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 


ပရီးမီးယားလိဂ်ကိုတန်းတက်လာပြီး အဖွင့်ပွဲ ၃ပွဲမှာ ၂ပွဲအထိ အနိုင်ရထားခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် မိုက်ကယ်ကူဆန်ဆီကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်ကြယ်ပွင့်ကစားသမားဟာ ဒီနေ့မှာပဲ ဆေးစစ်မှုတွေပြုလပ်သွားမယ်လို့သိရပြီး ၅ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘိုင်ယန်အနေနဲ့ အပြောင်းအရွှေ့မှာ ပြန်လည်ဝယ်ယူခွင့်သဘောတူညီချက်ကိုထည့်သွင်းခဲ့တယ်လို့လည်းသိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဘိုင်ယန်မြူးနစ်ကို မိုချန်ဂလာဘတ်ကနေ ပေါင် ၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးတော့ နယူးကာဆယ်နဲ့ မာဆေးလ်တို့ကလည် စောင့်ကြည့်နေခဲ့ပေမယ့် လိဒ်ယူက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

လိဒ်ယူနိုက်တက်ဟာ ယူနိုက်တက်ကစားသမားဒန်နိရယ်ဂျိမ်းစ်ကိုခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့် ကစားသမားက အိုးထရက်ဖို့ဒ်မှာပဲ သူ့နေရာရရှိအောင် ကြိုးစားသွားမယ်လို့ အတိအလင်းဆိုခဲ့တာကြောင့် လက်လျှော့ခဲ့ရပါတယ်။ ဘိုင်ယန်ကလည်း နော်ဝှစ်ချ်နောက်ခံလူ မက်စ်အာရွန်ကို ခေါ်ယူဖို့ စဉ်းစားနေပြီး ကူဆန်ဆီအတွက် ရရှိတဲ့ပြောင်းရွှေ့ကြေးကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။ 

လိဒ်ယူနိုက်တက်ဟာ တန်းတက်လာခဲ့ပြီးနောက် ကစားသမားကောင်းတွေ ဆက်တိုက်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။ ရိုဒရီဂိုကိုလည်း ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲကြီးဆီ ၁၆ နှစ်ကြာမှ ပြန်လည်ကစားခွင့်ရတဲ့အချိန်မှာ ပြိုင်ဘက်တွေကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က