လူစားဝင်အဖြစ်သာကစားနေရတာကို ဒေါသထွက်နေတာဖြစ်ပါတယ်။
Pyae Phyo Thein

သူ့ရဲ့ ကစားသမားဟာ လေးမိနစ်လောက်ပဲ ကစားဖို့အတွက် မန်ချက်စတာကို ရောက်လာခဲ့တာမဟုတ်ဘူးလို့ ဒေါသတကြီးနဲ့ ပြောဆိုသွားခဲ့ပါတယ်။


ယူနိုက်တက်အတွက် အခုအချိန်ထိ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရရှိသေးတဲ့အပေါ် ကွင်းလယ်လူဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဖြစ်သူ Sjaak Swart က ဒေါသထွက်နေခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဟာ လေးမိနစ်လောက်ပဲ ကစားဖို့အတွက် မန်ချက်စတာကို ရောက်လာခဲ့တာမဟုတ်ဘူးလို့ ဒေါသတကြီးနဲ့ ပြောဆိုသွားခဲ့့ပါတယ်။

ဟော်လန်ကွင်းလယ်လူဟာ ယူနိုက်တက်ကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာတို့နဲ့ တွဲဖက်မယ့်အပေါ်မှာ ပရိသတ်တွေက စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ၂ပွဲမှာ ဗန်ဒီဘိခ်က လူစားဝင်သာကစားခဲ့ရပြီး ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ကာ စုစုပေါင်း ၂၃ မိနစ်သာ ကစားရသေးတာဖြစ်ပါတယ်။ 


Swart က "သူက အရာ ၃ခုလောက်လုပ်နိုင်ပါတယ်၊ ပယ်နယ်တီ၊ အနိုင်ဂိုးတွေက သူ့ဆီကနေ ရရှိလာမှာပါ၊ ပုံမှန်အားဖြင့်ဆိုရင် ယူနိုက်တက်က ဘရိုက်တန်ကို ၇-၁ နဲ့ အရေးနိမ့်ခဲ့သင့်တာပါ၊ ဘားတန်းကို ငါးကြိမ်လောက်မှန်ခဲ့တယ်လေ၊ သူတို့က အသင်းကောင်းတစ်သင်းပါ၊ ဒါပေမယ့်လည်း သူတို့တွေ ယူနိုက်တက်ကို အနိုင်မယူနိုင်ခဲ့ပါဘူး"

"အခု ဗန်ဒီဘိခ်က လူစားဝင်ကစားနေရပါတယ်၊ ဒါကို ကျွန်တော်ဘယ်လိုမှသဘောမကျပါဘူး၊ လေးမိနစ်လောက်ကစားပြီး ရပ်နေရတာကိုတော့ ကျွန်တော်ဆိိုရင် မလုပ်နိုင်ပါဘူး" လို့ ပြောသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ကို အသုံးမပြုမှုနဲ့ပတ်သက်ပြိး ဆိုးလ်ရှားကို ယူနိုက်တက်အသင်းသားဟောင်းအီဗရာကိုယ်တိုင်ကလည်း ဝေဖန်ခဲ့ဖူးပြီး ပရိသတ်တွေကလည်း မေးခွန်းထုတ်မှုတွေရှိခဲ့ကြပါတယ်။ 


Author


က္က