တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးကာ အကောင်းဆုံးဆုရခဲ့သူပါ။
Pyae Phyo Thein

မာတာဟာ အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး အကောင်းဆုံးကစားသမားုကိုပါ ရရှိခဲ့ကာ ကာရာဘောင်းဖလားပွဲမှာ နှစ်ပွဲဆက်တိုက်အကောင်းဆုံးဆုရရှိခဲ့သူဖြစ်ပါတယ်။


ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူမာတာကို နည်းပြဆိုးလ်ရှားက ချီးကျူးစကားတွေပြောဆိုလိုက်ပါတယ်။ မာတာဟာ အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး အကောင်းဆုံးကစားသမားုကိုပါ ရရှိခဲ့ကာ ကာရာဘောင်းဖလားပွဲမှာ နှစ်ပွဲဆက်တိုက်အကောင်းဆုံးဆုရရှိခဲ့သူဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် စပိန်ဝါရင့်ကွင်းလယ်လူဟာ စကော့မက်တော်မီနေးရဲ့ အဖွင့်ဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပြီး သူကိုယ်တိုင်လည်း တိကျတဲ့အဆုံးသတ်မှုနဲ့ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မာတာရဲ့ သွင်းဂိုးဟာ ယူနိုက်တက်အတွက် သူသွင်းပေးခဲ့တဲ့ ၅၀ မြောက် သွင်းဂိုးဖြစ်လာခဲ့ပြီး အမှတ်တရဖြစ်စရာပွဲဖြစ်လာခဲ့သလို နည်းပြဆိုးလ်ရှားရဲ့ ချီးကျူးမှုကိုပါရရှိခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 

"မာတာရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်၊ သူက ဘောလုံးကို အမြဲတမ်းလိုက်တောင်းနေခဲ့ပြီး ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်၊ မက်တော်မီနေးရဲ့ သွင်းဂိုးမှာ သူ့ရဲ့ဖန်တီးမှုက အရေးပါလား၊ မပါဘူးလားဆိုတာကို ကျွန်တော်တို့ ပြောနေမှာမဟုတ်ပါဘူး၊ သူ့ရဲ့ ဒီလိုကစားပုံမျိုးနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ကျွန်တော်အံ့အားသင့်တာမျိုးမရှိခဲ့ပါဘူး"

"သူက ဘောလုံးဘယ်လိုကောင်းကောင်းကစားရမလဲဆိုတာကို နားလည်ထားပြီး ဒီနေ့နိုင်ပွဲရဲ့ အဓိကကစားသမားဖြစ်ခဲ့တယ်ဆိုတာက အမှန်တရားပါ" လို့ ဆိုးလ်ရှားက Sky Sports ကို ပြောဆိုခဲ့ပါတယ်။ မာတာအနေနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ နှစ်ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ချန်လှပ်ခံထားရမှုတွေကို ချေဖျက်ပြဖို့ အကောင်းဆုံးအားထုတ်နေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ချယ်လ်ဆီးကို အနိုင်ယူကာ ရလဒ်ကောင်းတွေဆက်တိုက်ရနေတဲ့ မော်ရင်ဟိုအတွက်တော့ အိုးထရက်ဖို့ဒ်ကထုတ်ပယ်ခံရပြီးနောက် တတိယမြောက်အကြိမ်လာရောက်ကစားရတာလည်းဖြစ်ပါတယ်။ 


Author


က္က