အိုဒွိုင်ကို လိုက်ခံဖျက်ထုတ်မှုကြောင့် ချီးကျူးခံနေရတာပါ။
Pyae Phyo Thein

အစောပိုင်းအချိန်တွေမှာ ရီဂူလွန်က အမှားအယွင်းတချို့ရှိနေခဲ့ပေမယ့် လာမယ်လာရဲ့ ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ သူ့ရဲ့အမှားကို ဖာထေးနိုင်ခဲ့ပါတယ်။


စပါးအသင်းရဲ့ ကစားသမားသစ် ရီဂူလွန်ဟာ ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ သူ့ရဲ့ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ရပါတယ်။ ရီဂူလန်အနေနဲ့ အကောင်းဆုံးခြေစွမ်းကိုမပြသနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် တစ်ဂိုးဖန်တီးပေးခဲ့ကာ အံ့အားသင့်ဖွယ်ရာလျင်မြန်မှုနဲ့ ဖျက်ထုတ်မှုတချို့ ပြုလုပ်နိုင်ခဲ့လို့ ချီးကျူးခံခဲ့ရပါတယ်။ 

အစောပိုင်းအချိန်တွေမှာ ရီဂူလွန်က အမှားအယွင်းတချို့ရှိနေခဲ့ပေမယ့် လာမယ်လာရဲ့ ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ သူ့ရဲ့အမှားကို ဖာထေးနိုင်ခဲ့ပါတယ်။ ညာခြေနဲ့ ကန်တင်ပေးကာ ဖန်တီးပေးခဲ့ပြီး လာမယ်လာက အဆုံးသတ်ခဲ့ကာ စပါးကို ပယ်နယ်တီကန်ဖို့ အခွင့်အရေးရရှိစေခဲ့ပြီး အနိုင်ရရှိခဲ့ကာ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 



ဒါပေမယ့်လည်း ရီဂူလွန်ကို မှတ်မှတ်ရရဖြစ်စေခဲ့တာကတော့ အိုဒွိုင်ဆီက ဘောလုံးကို ဖျက်ထုတ်ခဲ့မှုဖြစ်ပါတယ်။ စပါးအသင်းတိုက်စစ်ဆင်နေရာကနေ ချယ်လ်ဆီးက ဟန့်တားနိုင်ခဲ့ပြီး ကွင်းလယ်မှာရှိနေတဲ့ အိုဒွိုင်ဆီ ဘောလုံးရောက်သွားခဲ့ပြီး ချယ်လ်ဆီးကစားသမားက တိုက်စစ်ဆင်လာခဲ့ပါတယ်။ ဒီအချိန်မှာ ရီဂူလွန်က တိုက်စစ်ကိုလိုက်ပါနေတာဖြစ်ပြီး ချယ်လ်ဆီးဂိုးဧရိယာထိပ်မှာရှိနေခဲ့ပါတယ်။

အိုဒွိုင်ဆီဘောလုံးပေးနေချိန်မှာပဲ ရီဂူလွန်က လျင်မြန်တဲ့ပြေးနှုန်းနဲ့ နောက်ကိုပြန်ဆင်းခဲ့ကာ အိုဒွိုင်ဆီက ဘောလုံးကို ဖျက်ထုတ်ခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်ဆင်ဖို့ကြိုးစားမှုကို ပျက်ပြားစေခဲ့ပါတယ်။ စပါးပရိသတ်တွေကတော့ အဆိုပါဖျက်ထုတ်မှုအတွက် သူတို့ရဲ့ကစားသမားသစ်ကို ချီးကျူးပြောဆိုခဲ့ကြပြီး မော်ရင်ဟိုအနေနဲ့ ပရီးမီးယားလိဂ်မှာ အမြန်ဆုံးကစားသမားတွေထဲက တစ်ဦးကို ပိုင်ဆိုင်ခဲ့ပြီလို့လည်း တွစ်တာမှာရေးသားပြောဆိုနေခဲ့ကြတယ်လို့ Sportsbilbe က ဖော်ပြခဲ့ပါတယ်။ 


Author


က္က