လိုအပ်တဲ့ကုသမှုတွေကို ပြုလုပ်ပေးနေပြီလည်းဖြစ်ပါတယ်။
Pyae Phyo Thein

ကွင်းလယ်လူသီယာဂိုကူးစက်ခံရပြီးနောက် လီဗာပူးလ်ရဲ့ အဓိကကစားသမားဖြစ်တဲ့ မာနေးပါ ကူးစက်ခံခဲ့ရတာဖြစ်လို့ ကလော့ပ်အတွက် စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။


လီဗာပူးလ်အသင်းတိုက်စစ်မှူးဆာဒီယိုမာနေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အသင်းက တရားဝင်အတည်ပြုသွားခဲ့ပါတယ်။ မနေ့ညနေပိုင်းမှာ အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး ကွင်းလယ်လူသီယာဂိုကူးစက်ခံရပြီးနောက် လီဗာပူးလ်ရဲ့ အဓိကကစားသမားဖြစ်တဲ့ မာနေးပါ ကူးစက်ခံခဲ့ရတာဖြစ်လို့ ကလော့ပ်အတွက် စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။

မာနေးဟာ အာဆင်နယ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကို ပါဝင်ကစားခဲ့ပြီး တစ်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ မာနေးဟာ ရောဂါလက္ခဏာအနည်းငယ်ပြသခဲ့တယ်လို့ လီဗာပူးလ်ကအသင်းကဆိုခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေကာ တစ်ဦးတည်းသီးသန့်နေထိုင်နေစေပြီး လိုအပ်တဲ့ကုသမှုတွေကို လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့လည်း လီဗာပူးလ်အသင်းက အသိပေးခဲ့ပါတယ်။ 

"မာနေးကို တစ်ဦးတည်းသီးသန့်နေထိုင်နေစေပြီး စည်းကမ်းတွေအတိုင်း ကုသမှုတွေပြုလုပ်ပေးနေပါတယ်၊ ကျွန်တော်တို့ကစားသမားက အသေးစားလက္ခဏာလေးတွေပြသနေခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီးတော့ သီယာဂိုနည်းတူ သူ့ကို ကုသမှုတွေပြုလုပ်စေခဲ့ပါတယ်၊ အာဆင်နယ်နဲ့ပွဲကို ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူပေးခဲ့တဲ့ မာနေးနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်" လို့ လီဗာပူးလ်အသင်းက ရေးသားထုတ်ပြန်ခဲ့ပါတယ်။

မာနေးကလည်း သူ့ရဲ့အင်စတာဂရမ်ကနေ "အားလုံးပဲ ကျွန်တော် ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်၊ ဒါပေမယ့် ကျန်းမာရေးကောင်းမွန်နေပြီး အကြီးစားလက္ခဏာတွေပြသတာမျိုးမရှိပါဘူး၊ ကွာရန်တင်းစဝင်နေပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာစေဖို့အတွက် ချက်ချင်းပဲကြိုးစားနေပါတယ်" လို့ ပရိသတ်တွေကို ရေးသားပြောဆိုသွားခဲ့ပါတယ်။ 


ကလော့ပ်အနေနဲ့ မနက်ဖြန်မှာ ဗီလာနဲ့ကစားရမယ့်ပွဲအတွက် မာနေးကို လက်လွှတ်ရတော့မျာဖြစ်ပြီး အဲဗာတန်နဲ့ကစားရမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်အမီ သီယာဂိုရော၊ မာနေးပါ ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ 


Author


က္က