မဟာပြိုင်ဘက်အသင်းဆီက အံ့အားသင့်ဖွယ် ကမ်းလှမ်းမှုရရှိခဲ့တာပါ။

ပြင်သစ်ဝါရင့်နည်းပြကြီးဟာ အာဆင်နယ်မှာ နှစ်ပေါင်း ၂ဝကျော်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၃လုံး နဲ့ အက်ဖ်အေဖလား ၇ လုံးရရှိခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်အသင်းဟာ သူ့ကိုနည်းပြအဖြစ် ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြင်သစ်ဝါရင့်နည်းပြကြီးဟာ အာဆင်နယ်မှာ နှစ်ပေါင်း ၂ဝကျော်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၃လုံး နဲ့ အက်ဖ်အေဖလား ၇ လုံးရရှိခဲ့သူဖြစ်ပါတယ်။



အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဝင်းဂါးဟာ ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းမှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပြိုင်ဘက်အဖြစ်ရှိနေခဲ့ပါတယ်။ သူတို့နှစ်သင်းက ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားခဲ့ပြီး အပြိုင်အဆိုင်ယှဉ်ပြိုင်ခဲ့မှုတွေက ပရီးမီးယားလိဂ်ကို သက်ဝင်နေစေခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်မှာ ဝင်းဂါးက အာဆင်နယ်နည်းပြအဖြစ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဝင်းဂါးအနေနဲ့ အဆိုပါအချိန်ကစပြီး နည်းပြအဖြစ် တာဝန်ယူခဲ့ခြင်းမရှိတော့တာ ဒီနေ့အချိန်ထိဖြစ်ပြီး ယူနိုက်တက်ဘက်က ဘယ်အချိန်မှာကမ်းလှမ်းခဲ့လဲဆိုတာကို ထုတ်ဖော်မပြောဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာပဲဖြစ်မယ်လို့ ယူဆရပါတယ်။ 

ဝင်းဂါးက "ဟုတ်ပါတယ်၊ ယူနိုက်တက်က ကျွန်တော့်ကို နည်းပြအဖြစ်ကမ်းလှမ်းခဲ့ပါတယ်၊ ဒါပေမယ့် ဘယ်တုန်းက ကမ်းလှမ်းခဲ့လဲဆိုတာကိုတော့ ကျွန်တော်မပြောပြနိုင်ပါဘူး၊ ကျွန်တော်နဲ့ ဖာဂူဆန်တို့က တစ်ဦးနဲ့တစ်ဦး လေးစားမှုတွေရှိခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့အချိန်တွေက အရမ်းခက်ခဲကြမ်းတမ်းခဲ့ပါတယ်၊ ကျွန်တော်တို့ ပြိုင်ဆိုင်မှုကောင်းတွေရှိခဲ့ပြီး သူက ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူပါ" လို့ ဝင်းဂါးက ဖာဂူဆန်ကို ချီးကျူးခဲ့ပြီး သူ့ကိုကမ်းလှမ်းခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။


ယူနိုက်တက်အနေနဲ့ ၂၀၁၃ မှာ ဖာဂူဆန်အနားယူခဲ့ပြီးနောက် အမှတ်ပေးဖလားကို မရရှိတော့တာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ ဝင်းဂါးကတော့ အာဆင်နယ်မှာ ဆက်လက်ရှိနေခဲ့ပေမယ့် အောင်မြင်မှုမရတော့တဲ့နောက်မှာ လမ်းခွဲခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ဝင်းဂါးကို ဖာဂူဆန်အနားယူချိန်ကစပြီး ကမ်းလှမ်းခဲ့သလား၊ အာဆင်နယ်ကထွက်ခွာပြီးမှ ကမ်းလှမ်းခဲ့တာလားဆိုတာကတော့ ဝင်းဂါးဖွက်ထားတဲ့ ပဟေဠိဖြစ်လာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က