၂ပွဲဆက် နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

 ၄-၀ နဲ့ ချယ်လ်ဆီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဂိုးသမားသစ်မန်ဒီကလည်း ပေးဂိုးမရှိပွဲရယူခဲ့ပြီး နံပါတ်တစ်ဂိုးသမားနေရာက ပိုပြီးတော့ သေချာသထက်သေချာလာခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၂ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ လမ်းပတ်အတွက်တော့ ပဲလေ့စ်ကို အနိုင်ရခဲ့တာက ဖိအားတွေကို လျော့သွားစေခဲ့ပါတယ်။ ဗာနာနဲ့ အေဘရာဟမ်တို့တိုက်စစ်အတွဲက အလုပ်မဖြစ်ခဲ့ပေမယ့် ခံစစ်ကစားသမားတွေရဲ့ သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးတို့အနိုင်ရခဲ့ပြီး ကစားသမားသစ်ဘင်ချီဝဲလ်လည်း ဂိုးပေါက်တွေ့ခဲ့ပါတယ်။



ပထမပိုင်းမှာ ချယ်လ်ဆီးကစားသမားပုံက တော်တော်လေးလျော့ရဲနေခဲ့ပြီး အားရစရာအနေအထားမရှိခဲ့ပါဘူး။ ပေါင်သန်း ၂၀၀ ကျော်သုံးထားတယ်ဆိုတဲ့ အမြင်နဲ့ပြောမယ်ဆိုရင်တော့ ကျေနပ်စရာမဟုတ်သေးတာတော့အမှန်ပါပဲ။ အခွင့်အလမ်းဖန်တီးပေးမှု၊ အဆုံးသတ်မှုနဲ့ အသင်းလိုက်ကစားပုံတွေက အားနည်းချက်တွေရှိနေပါသေးတယ်။

ဒုတိယပိုင်းမှ ချယ်လ်ဆီးက ဂိုးတွေသွင်းနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ချီဝဲလ်က ဧရိယာထဲကနေ အပြင်းကန်သွင်းယူပေးခဲ့တာပါ။ ပဲလေ့စ်က ရလဒ်ကောင်းတွေရထားတဲ့အသင်းဆိုပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ ထူးထူးခြားခြား ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အယူးနဲ့ ဇာဟာတို့ ရုန်းကန်ခဲ့ရပြီး ချယ်လ်ဆီးခံစစ်ပိုင်းက အလွယ်တကူပဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအတွက်နောက်ထပ်ဂိုးတွေကိုတော့ ဇူးမားက ခေါင်းတိုက်ဂိုးသွင်ယူပေးခဲ့ပြီး ပယ်နယ်တီ ၂လုံးရရှိခဲ့ရာမှာ ဂျော်ဂျင်ဟိုနဲ့ အေဘရာဟမ်တို့က သွင်းယူပေးခဲ့ကြပါတယ်။ ၄-၀ နဲ့ ချယ်လ်ဆီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဂိုးသမားသစ်မန်ဒီကလည်း ပေးဂိုးမရှိပွဲရယူခဲ့ပြီး နံပါတ်တစ်ဂိုးသမားနေရာက ပိုပြီးတော့ သေချာသထက်သေချာလာခဲ့ပါတယ်။


ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးက ရမှတ် ၇ မှတ်နဲ့ အဆင့်လေးနေရာရောက်ခဲ့ပြီး ပဲလေ့စ်ကတော့ ၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါပြီ။ 

Share

Loading Next Article...
က္က