တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ပွဲအပြီးမှာ လိဒ်ယူနိုက်တက် နည်းပြ ဘီရယ်ဆာက ပွဲကို ဘယ်လိုမြင်လဲလို့ မေးတဲ့အပေါ်မှာ ပွဲစပြီး တစ်မိနစ်အကြာမှာပဲ ဘယ်လိုမှ မခန့်မှန်းတတ်ခဲ့ဘူးလို့ ဂွါဒီယိုလာက ဖြေခဲ့တယ်လို့ သိရတာပါ။

မန်စီးတီးက တန်းတက် လိဒ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မိမိအနေနဲ့ ပွဲအစ တစ်မိနစ် အကြာမှာပဲ ပွဲကို ကောင်းကောင်း မခန့် မှန်းနိုင်တတ်ခဲ့ဘူးလို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။



ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဂွါဒီယိုလာက မေးခွန်းတွေကို ဖြေဖို့ တကယ် အခက်တွေ့ရ ကြောင်းလည်း ထုတ်ဖော်ပြောခဲ့တယ်လို့ Goal.comက ဖော်ပြလာပါတယ်။




“ပွဲအပြီးမှ သူ(ဘီရယ်ဆာ) ကျွန်တော့်ကို မေးတာက ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲတဲ့၊ပွဲစပြီး တစ်မိနစ် အကြာ မှာပဲ ပွဲကို မခန့်မှန်းတတ်ခဲ့တော့ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။သူက ကျွန်တော့်ထက် ပို တော်တာ ဖြစ်ပါ လိမ့်မယ်။ပွဲဘယ်လို ဖြစ်သွားခဲ့လဲဆိုတာ သိရဖို့ ကျွန်တော် အချိန်လိုတယ်ဗျ။အခု ကျွန်တော် ပြော နိုင်တာက ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတာပါ။မျှတပြီး ဖြစ်သင့်တဲ့ ရလဒ်ပါ ပဲ။” လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောသွားတယ်လို့သိရပါတယ်။

လိဒ်နဲ့မန်စီးတီးတို့ ပွဲမှာတော့ လိဒ်ယူနိုက်တက်အသင်းက ဂိုးပေါက်တည့်အောင် ၇ကြိမ်ကန်သွင်းယူ နိုင်ခဲ့ပေမယ့် မန်စီးတီးကတော့ တစ်လုံးတည်းသော ဂိုးပေါက်တည့်မှုကနေ ဂိုးရရှိခဲ့တာပါ။

လိဒ်ယူနိုက်တက် နည်းပြ ဘီရယ်ဆာကတော့ မန်စီးတီးကို တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံးပိုင် ဆိုင်မှုအသာ၊ဂိုးကန်သွင်းခွင့်အသာတွေနဲ့အတူ ထိပ်တန်းလိဂ်မှာ ထိပ်တန်း ကလပ်တွေနဲ့ယှဥ်ပြိုင် နိုင်ကြောင်း သက်သေ ပြနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က