အပြောင်းအရွှေ့ လုပ်ရှားမှုအပေါ် ထောက်ပြလာတာပါ။
Kyaw Ko Ko Sint

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ရတာမလို လိုတာမရ ဖြစ်နေရပြီး ဒါဟာ လုပ်ဆောင်ချက် မှားယွင်းနေလို့သာ ဖြစ်တယ်လို့ ရွန်နီက ထောက်ပြလာတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဝိန်းရွန်နီက အသင်းရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ စျေးကွက်လှုပ်ရှားမှုတွေက မှားယွင်းနေကြောင်း ထောက်ပြ ဝေဖန်လာခဲ့ ပါတယ်။

ရွန်နီက ယူနိုက်တက်အနေနဲ့ ပေါင် သန်း ၁၀၀ကို စပါးက ကိန်းကို ခေါ်ဖို့အတွက်သာ အသုံးပြုသင့် ပြီး ဆန်ချိုကို ခေါ်ယူရမှာ မဟုတ်ဘူးလို့ ထောက်ပြလာပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်အသင်းက ဒေါ့မွန်က ဂျော်ဒန်ဆန်ချိုကို ကာလရှည်စိတ်ဝင်စားစွာ လိုက်နေပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းတော့ မရှိထားပါဘူး။

လက်ရှိမှာတော့ စျေးကွက်ပိတ်ဖို့ တစ်ရက်အလိုမှာ ဆန်ချိုကို မခေါ်ယူနိုင်တော့လို့ အလွတ်နဲ့ ရဖို့ ရှိနေတဲ့ ဥရုဂွေး လက်ရွေးစင် ကာဗာနီကိုသာခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေရပြီလည်း ဖြစ်ပါတယ်။

“ဆန်ချိုက ထိပ်တန်းကစားသမားပါ၊ဒါပေမယ့် သူဟာ ယူနိုက်တက်ရဲ့ စျေးကွက်ခေါ်ယူမှုမှာ ထိပ်ဆုံး ဖြစ်နေတာတော့ အံ့သြပါတယ်။ဘာလို့ အခြား ခြေစွမ်းတူ မြင့်မားတဲ့ တစ်ယောက်ယောက်အပေါ်မှာ ဒီ ပိုက်ဆံ မသုံးတာလဲ။ယူနိုက်တက်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ရှိပြီးသားပါ။ဘာလို့ ဆန်ချို ကို ရောက်လာစေချင်ပြီး ဂရင်းဝုဒ်ကို ထွက်စေမယ့် အဖြစ်မျိုး အဖြစ်ခံချင်ရတာလဲ။”လို့ ရွန်နီက The Sunday Times သတင်းဌာနမှာ ပြောခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယနေ့မှာ ကိန်းပါဝင်တဲ့စပါးအသင်းနဲ့ တွေ့ဆုံဖို့ ရှိနေပြီး အရေးကြီးတဲ့ ပွဲစဥ်တစ်ခု ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က