လာမယ်လာ နဲ့ မာရှယ်တို့ရဲ့ ဖြစ်ရပ်ကို ရည်ညွှန်းခဲ့တာပါ။

အိုးထရက်ဖို့ဒ်ကို ပြိုင်ဘက်အဖြစ် ရောက်ရှိလာခဲ့ပြီးနောက် ကြီးမားတဲ့နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့အပေါ်မှာလည်း မော်ရင်ဟိုက သမိုင်းဝင်နိုင်ပွဲလို့ တင်စားခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြမော်ရင်ဟိုက VAR ကြောင့် နစ်နာဆုံးရှုံးရလို့ ငိုကြွေးရမယ့်အသင်းထဲမှာ ယူနိုက်တက်မပါဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသင်းဟောင်းယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၆-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ပြောဆိုခဲ့တာဖြစ်ပြီး အမှန်တကယ်ငိုကြွေးရမယ့်အသင်းက စပါးသာဖြစ်လိမ့်မယ်လို့ မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။ 



အိုးထရက်ဖို့ဒ်ကို ပြိုင်ဘက်အဖြစ် ရောက်ရှိလာခဲ့ပြီးနောက် ကြီးမားတဲ့နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့အပေါ်မှာလည်း မော်ရင်ဟိုက သမိုင်းဝင်နိုင်ပွဲလို့ တင်စားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ဆယ်ပွဲလောက် ထပ်ကစားမယ်ဆိုရင် ဒီလိုရလဒ်ထွက်ပေါ်လာဖို့က မလွယ်ကူဘူးလို့ မော်ရင်ဟိုက ဝန်ခံခဲ့ပြီး အရေးကြီးတာက အနိုင်သုံးမှတ်ရရှိဖို့သာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 

"အနီကတ်ပြသခဲ့တဲ့ ဖြစ်ရပ်ကို ကျွန်တော်မကြည့်လိုက်မိဘူး၊ ပြီးရင်တော့ ပြန်ကြည့်ဖြစ်ချင် ကြည့်မိပါလိမ့်မယ်၊ တကယ်လို့ VAR ဆုံးဖြတ်ချက်ကြောင့် တစုံတယောက်က ငိုကြွေးရမယ်ဆိုရင် အဲဒါက တော့တင်ဟမ်ပါ၊ ယူနိုက်တက်ကတော့ VAR ကြောင့် ငိုကြွေးရမယ့် အသင်းမဟုတ်ပါဘူး၊ ကျွန်တော်သေချာတော့မသိခဲ့ပါဘူး၊ ကျွန်တော်သိတဲ့တစ်ခုတည်းက ကျွန်တော်တို့ကစားတာ အရမ်းကောင်းခဲ့တယ်ဆိုတာပါ"

"ကစားသမားတေါကိုလည်း ဒီမှာရလဒ်ကောင်းယူပြီး နိုင်ပွဲရအောင်ယူသွားမယ်ဆိုတာပါ၊ ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်၊ ယူနိုက်တက်က ပွဲအများကြီးရှုံးလေ့ရှိတဲ့အသင်းမဟုတ်ပါဘူး၊ ခြောက်ဂိုးပေးရပြီးတော့ နေ့တိုုင်းရှုံးနေမှာလဲမဟုတ်ပါဘူး၊ ဒါက သမိုင်းဝင်နိုင်ပွဲပါ၊ ဒါပေမယ့် အရေးကြီးတာက ပွဲအပြီးမှာ ၃ မှတ်ရဖို့ဖြစ်ပြီး အိမ်ကွင်းမှာ ငါးမှတ်အထိဆုံးရှုံးထားခဲ့လို့ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်"

"ကျွန်တော်တို့ကောင်းကောင်းပြင်ဆင်နိုင်ခဲ့ပြီး အသင်းက အသင့်ဖြစ်နေခဲ့ပါတယ်၊ တချို့ကတော့ ၁၀ ယောက်တည်းနဲ့အသင်းကို ကစားခဲ့ရတာလို့ ပြောနိုင်ပါတယ်၊ ဒါပေမယ့် ၁၁ ယောက်ချင်းမှာလည်း ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်" လို့ မော်ရင်ဟိုက Sky Sports ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က