၁၉၆၃ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ၇ဂိုးပေးပြီး အရေးနိမ့်ခဲ့တာပါ။

လီဗာပူးအသင်း သမိုင်းမှာ ၁၉၆၃ခုနှစ်က စပါးကို ၇-၂ဂိုးနဲ့ အရေးနိမ့်ပြီးနောက်ပိုင်း ယခု အက်စတန်ဗီလာကို ၇-၂ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲက ပထမဆုံး အကြိမ် ၇ဂိုးပေးပြီး အရေးနိမ့်တဲ့ ပွဲဖြစ်လာပါတယ်။

လီဗာပူးက အက်စတန်ဗီလာကို ၇-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ တစ်သင်းလုံး အမှားလုပ်ခဲ့ကြတယ် လို့ လီဗာပူး နည်းပြ ကလော့ပ်က ပြောခဲ့ပါတယ်။



ပထမဆုံး ပေးလိုက်ရတဲ့ဂိုးမှာ ဂိုးသမား အမှားကနေတဆင့် ပေးလိုက်ရတာ ဖြစ်ပြီး ပွဲချိန်အတွင်း အန္တရာယ် အခက်အခဲကို ရင်ဆိုင်ရတာ ပုံမှန်ဆိုပေမယ့် ဒီ အခက်အခဲကို မကျော်ဖြတ်နိုင်ခဲ့ကြဘူးလို့လည်း ကလော့ပ်က ဆိုပါတယ်။

“အလုံးတိုင်းက တန်ပြန်တိုက်စစ်ကချည်း ပေးလိုက်ရတာတွေပါ။ကျွန်တော်တို့ထက် အရမ်းမြန်နေပါတယ်။” လို့ ကလော့ပ်က စိတ်ပျက်စွာ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အဓိက ဂိုးသမား အယ်လီဆန်နဲ့ ပတ်သက်ပြီးတော့လည်း - “နိုင်ငံတကာ ပြိုင်ပွဲတွေ ပြီးလို့ ကစားရမယ့် မာဆေးဆိုဒ်ဒါဘီမှာလည်း အယ်လီဆန် ပါဝင်နိုင်အုံးမှာ မဟုတ် ပါဘူး။ဒဏ်ရာရ ဆိုးမယ့်ပုံမှာရှိနေပါတယ်။ဖြစ်နိုင်ချေက ၄ပတ်နားရဖို့ရှိပေမယ့် ၆ပတ်လည်း ဖြစ်နိုင်ပေမယ့် ပိုလည်း နားရနိုင်ပါတယ်။”လို့ ကလော့ပ်က ဆိုပါတယ်။

ပထမဆုံးဂိုးကို ဂိုးသမားအမှားကတဆင့် ပေးလိုက်ရပေမယ့် ကျန်တဲ့ ၆လုံးကတော့ ဂိုးသမားကြောင့် မ ဟုတ်ပဲ ဂိုးသမားကို မကူညီနိုင်ခဲ့ကြဘူးလို့လည်း ကလော့ပ်က ဆက်လက်ဆိုပါတယ်။

“အန်ဒရီယန်က ညံ့တဲ့သူတစ်ယောက်မဟုတ်ပါဘူး။မနှစ်က သူနဲ့ ၁၁ပွဲကစားခဲ့ပြီး ၁၁ပွဲစလုံး အနိုင်ရခဲ့ပါ တယ်။ ဒီရှုံးပွဲက ဂိုးသမား မကောင်းလို့ မဟုတ်ပါဘူး။ဒီလိုပွဲမျိုးတော့ မကြာခဏ မြင်တွေ့ဖူးလေ့မရှိပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့်အသက်အရွယ်အရ ဘောလုံးမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။”လို့ ကလော့ပ်က ဆက်လက်ပြောပါသေးတယ်။

လီဗာပူးအနေနဲ့ လက်ရှိမှာ ၄ပွဲကစား ၃ပွဲနိုင် ၁ပွဲရှုံး ရမှတ် ၉မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေပြီး အက်စ တန်ဗီလာအသင်းကတော့ တစ်ပွဲလျော့ ၃ပွဲကစား ၃ပွဲနိုင် ၉မှတ်နဲ့ အဆင့် ၂နေရာမှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က