ယူနိုက်တက်ကို ၆-၁နဲ့ အနိုင်ယူခဲ့ပြီးနောက် ပြောလာတာပါ။

မော်ရင်ဟိုက သူ့ကို ခံစစ်အသားပေး နည်းပြလို့ သမုတ်နေခဲ့သူများကို ပြန်လည်ခနဲ့လိုက်တာ ဖြစ်ပြီး တိုက်စစ်သာ အသားပေးကစားတဲ့ နည်းပြဆိုရင် ၁၀ဂိုးနှင့်အထက် ဖြစ်သွားနိုင်တယ်လို့ ပြောလာခဲ့တာပါ။

စပါးနည်းပြ မော်ရင်ဟိုကတော့ သူ့ကို ဘောလုံးပရိသတ်တွေက ခံစစ် အသားပေး နည်းပြလို့ ကင်ပွန်း တပ် ထားကြတဲ့အ‌ပေါ်မှာ ကောင်းကောင်းကြီး ခနဲ့ပြောဆိုလိုက်ပါတယ်။



မော်ရင်ဟိုကတော့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ မကာဘီဟိုင်ဖာကို ၇-၂နဲ့ အနိုင်ရပြီးနောက် အသင်းဟောင်းယူနိုက် တက်ကိုလည်း ၆-၁နဲ့ ထပ်မံ အနိုင်ယူပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ‌‌ဆောက်သမ်တန်ကိုလည်း ၅-၂နဲ့ အနိုင်ရထားသေးတာကြောင့် စပါးအသင်းအနေနဲ့ တိုက်စစ် အသားပေး နည်းပြကိုသာ ရထားရင် အနည်းဆုံး ၁၀၊၁၁၊၁၂ဂိုးလောက် သွင်းနိုင်လိမ့်မယ်လို့ ယူနိုက်တက်နဲ့ ပွဲအပြီး Flash အင်တာဗျူးမှာ beIN SPORTS ကို ပြောသွားပါတယ်။

“မြင်ကြည့်လိုက်ပါ၊စပါးအနေနဲ့ ခံစစ် အသားပေးနည်းနဲ့မို့လို ၅၊၆၊၇ဂိုးလောက်ပဲ ရနေတာ တိုက်စစ်အသား ပေး နည်းပြနဲ့ဆိုရင် သေချာပါတယ် ၁၀ဂိုး၊၁၁ဂိုး၊၁၂ဂိုးလောက် ရနိုင်ပါလိမ့်မယ်။”လို့ သူ့ကို ခံစစ် အသားပေး ကစားတယ်လို့ အမြဲတမ်း ဝေဖန်ခဲ့သူတွေကို လှလှပပကြီး ခနဲ့ ပြောဆိုလိုက်တာပါ။

ဆက်လက်ပြီး စပါးအသင်းရဲ့ ကစားပုံကို ချီးကျူးခဲ့ပြီး ၁၀ယောက်၁၁ယောက်ကစားခဲ့ရတဲ့အပေါ်မှာလည်း - “၁၁ယောက် ၁၁ယောက် သုံးသပ်ချင်သူရှိရင်လည်း ရပါတယ်။ကျွန်တော်တို့ အစောကတည်းက ၂-၁နဲ့ နိုင်နေ ပြီးသားပါ။နောက်ပြီး နောက်ထပ် ဂိုးတွေလည်း အဆိုပါအတောအတွင်း ရနိုင်အုံးမှာပါ။”လို့ မော်ရင်ဟိုက ဆက်လက်ဆိုပါတယ်။

Share

Loading Next Article...
က္က