၂၇နှစ်ကြာ အသင်းမှာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သူပါ။

အသင်းမှာ ကစားသမားအချို့ကို လုပ်ခမြင့်မားစွာ ပေးချေနေရတာကြောင့် ကိုဗစ်ကာလ ဘဏ္ဍာရေး မျှခြေ ဖြစ်နိုင်အောင် အသင်းဖက်က ဝန်ထမ်း ၅၅ဦးကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက လျော့ချခဲ့သလို အခုလည်း ကွင်း အတွင်းမှာ အချိန်ပိုင်းတာဝန်ထမ်းဆောင်နေတဲ့ လာဘ်ကောင်လေးကို ထပ်မံ လျော့ချလိုက်ရတာပါ။

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ချစ်လှစွာသော လာဘ်ကောင်ရုပ်လေး ဒိုင်နိုဆောလေးကို ကိုဗစ်ကာလ လစာငွေလျော့ချတဲ့အစီအစဥ်မှာ ထည့်သွင်းခဲ့ရလို့ အလုပ်ဖြုတ်လိုက်ရပြီလို့ သိရပါတယ်။



၁၉၉၃ခုနှစ်က စတင်ပြီး အာဆင်နယ်အသင်းဟာ တရားဝင် လာဘ်ကောင်ရုပ်အဖြစ် အစိမ်းရောင် ဒိုင်နိုဆော ရုပ်လေးကို အသိအမှတ်ပြုခဲ့တာပါ။

လက်ရှိမှာ ကိုဗစ်ကြောင့် ဘောလုံးပွဲတွေကို ပရိသတ်တွေ ဝင်ခွင့်မရတော့ပဲ လာဘ်ကောင်ရုပ်လေးလည်း အိမ်မှာပဲ stay home နေရတာ ကြာခဲ့ပါပြီ။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အသင်းမှာရှိတဲ့ ဝန်ထမ်း ၅၅ဦးကို ရာထူးက လျော့ချခဲ့တယ်လို့ အာဆင် နယ်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အလားတူပဲ လက်ရှိမှာတော့ အသင်းရဲ့ ၂၇နှစ်တာကာလလုံးလုံး လာဘ်ကောင်ရုပ်အဖြစ် အသိအမှတ်ပြုထား ပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ အစိမ်းရောင် ဒိုင်နိုဆောလေးလည်း ဖယ်ရှားခံခဲ့ရပါပြီ။

အခုလို ဝန်ထမ်းတွေ လျော့ချနေသည့်တိုင် အာဆင်နယ်အသင်းဟာ စာချုပ်အရ မဖြစ်မနေ ပေးနေရတဲ့ အိုလ်ဇေးရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲကို လျော့ချနိုင်ရေး ညှိနှိုင်းလို့ မရတာကြောင့် ပေးချေနေရတာဟာ အနည်းငယ်တော့ အကျည်းတန်ဖွယ် ရှိနေပါတယ်။

အလားတူ အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းကိုလည်း စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစအရ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းခွဲအထိ ပေးချေနေရပါတယ်။စက်တင်ဘာမှာ အလွတ်ခေါ်ယူ ထားနိုင်တဲ့ ဝီလီယံအတွက်လည်း ပေါင် ၂သိန်း၂သောင်းအထိ ပေးချေနေရတာ ရှိပြန်ပါတယ်။

ဒါပေမယ့်လည်း အခု အလုပ်နားလိုက်ရတဲ့ လာဘ်ကောင်လေးက အသင်းမှာ အချိန်ပိုင်း ဝန်ထမ်းသာ ဖြစ်ပေ မယ့်လည်း ကလပ်အသင်းအပေါ် သစ္စာရှိသူအဖြစ် အကိုရဲ့ မင်္ဂလာပွဲတောင် သွားရောက် မတက်ရောက်ပဲ အသင်းကို ဦးစားပေးခဲ့တယ်လို့ လူသိများ ထင်ရှားသူလည်း ဖြစ်ပါတယ်။

ဂန်းနားဆောရက်စ်လေး တစ်ချိန်မှာ အီးမရိတ်ကွင်းကြီးကို ပြန်လာလိမ့်မယ်လို့တော့ အာဆင်နယ်အသင်းက အတည်ပြု ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က