တစ်နှစ်စာချုပ်၊ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်နဲ့ ချုပ်ဆိုခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်သမိုင်းမှာ အဆိုပါဂျာစီကို ဝတ်ဆင်ကစားပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ကစားသမားတွေရှိခဲ့ပေမယ့် စီရော်နယ်ဒိုနောက်ပိုင်းမှာတော့ အဆိုပါဂျာစီက ကျိန်စာသင့်နေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို အသစ်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးကာဗာနီဟာ အိုးထရက်ဖို့ဒ်ရဲ့ နာမည်ကျော်ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်သမိုင်းမှာ အဆိုပါဂျာစီကို ဝတ်ဆင်ကစားပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ကစားသမားတွေရှိခဲ့ပေမယ့် စီရော်နယ်ဒိုနောက်ပိုင်းမှာတော့ အဆိုပါဂျာစီက ကျိန်စာသင့်နေခဲ့တာဖြစ်ပါတယ်။

ဗလန်စီယာ၊ အိုဝင်၊ ဒီမာရီယာ၊ အလက်ဆစ်ဆန်းချက်ဇ်တို့ ဝတ်ဆင်ကစားခဲ့ကြပေမယ့်လည်း ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ကျိန်စာသင့်နေတဲ့ ဂျာစီလိုတင်စားခံခဲ့ရပါတယ်။ အခုအခါမှာတော့ အသက် ၃၃ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးက ဝတ်ဆင်ကစားသွားမယ်လို့ သိရကာ ဆိုးရွားမှုတွေကို ချေဖျက်ပြနိုင်မလား၊ ဒါမှမဟုတ် ဒီမာရီယာ၊ ဆန်းချက်ဇ်တို့လိုပဲ ကျရှုံးမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်နဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။ တစ်နှစ်လုပ်ခ ယူရို ၁၁သန်းအထိရရှိမှာဖြစ်ပြီး တစ်ပတ်လုပ်ခအနေနဲ့ ပေါင်နှစ်သိန်းဝန်းကျင်ခံစားခွင့်ရရှိမှာလည်းဖြစပါတယ်။ ပီအက်စ်ဂျီရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကာဗာနီက စာချုပ်ချုပ်ဆိုအပြီးမှာ အခုလိုပဲပြောသွားခဲ့ပါတယ်။

"ယူနိုက်တက်က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးကလပ်တွေထဲက တစ်သင်းပါပဲ၊ ဒီလိုနေ့မျိုးဖြစ်လာဖို့ ကျွန်တော်ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တာပါ၊ အခုတော့ ဒီကိုတကယ်ရောက်ရှိလာခဲ့ပါပြီ၊ ယူနိုက်တက်ပရိသတ်တွေရဲ့အားပေးပုံတွေအကြောင်းကိုလည်း ကျွန်တော်သိထားပါတယ်၊ ပရိသတ်တွေကွင်းထဲကိုစိတ်ချစွာနဲ့ ပြန်ရောက်ရှိလာပြီး သူတို့ရှေ့မှာကစားရမယ့် အတွေ့အကြုံအတွက် ကျွန်တော်မစောင့်ဆိုင်းနိုင်တော့ပါဘူး"

"နည်းပြနဲ့စကားပြောဆိုအပြီးမှာ ဒီအသင်းဂျာစီကိုဝတ်ဆင်ချင်တဲ့ စိတ်ဆန္ဒတွေက ပိုပြီးတော့ပြင်းပြခဲ့ပါတယ်" လို့ ကာဗာနီကပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိမှာ တိုက်စစ်ကစားသမားငါးဦးအထိ ပိုင်ဆိုင်ခဲ့ပြီဖြစ်ကာ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ အီဂါလိုတို့အစုအဖွဲ့ကို ကာဗာနီနဲ့ ထပ်မံပေါင်းထည့်နိုင်ခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က