ပေါင် ၄၅ သန်းအထိ အာဆင်နယ်က ပေးချေခဲ့ရတာပါ။
Kyaw Ko Ko Sint

ဂါနာလက်ရွေးစင်ကစားသမားအတွက် မြင့်မားတဲ့ပြောင်းရွှေကြေးကို အသုံးပြုခဲ့ရတာဖြစ်ပြီး အာတီတာလက်ထက်မှာ စျေးအကြီးဆုံးပေးပြီး ခေါ်ယူခဲ့ရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။


အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူသောမတ်စ်ပါတေးကို အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ ပေါင် ၄၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
ဂါနာလက်ရွေးစင်ကစားသမားအတွက် မြင့်မားတဲ့ပြောင်းရွှေကြေးကို အသုံးပြုခဲ့ရတာဖြစ်ပြီး အာတီတာလက်ထက်မှာ စျေးအကြီးဆုံးပေးပြီး ခေါ်ယူခဲ့ရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။


အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့ပါတယ်။ နည်းပြဆီမြွန်နိရဲ့ အားကိုးမှုကိုရရှိပြီး အက်သလက်တီကိုမှာ ပုံမှန်ကစားခွင့်ရနေခဲ့တဲ့ ပါတေးက အာဆင်နယ်နဲ့ သတင်းတွေထွက်ပေါ်နေခဲ့တာကြာမြင့်နေပြီဖြစ်ခဲ့ပြီး အမှန်တကယ်ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

နည်းပြအာတီတာက "သူ့ကို ကျွန်တော်တို့စောင့်ကြည့်နေခဲ့ပြီးတော့ အသင်းလူစာရင်းကို အရည်အသွေးမြင့်ကစားသမားတစ်ဦး ပေါင်းထည့်နိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်၊ သူက အသင်းကွင်းလယ်မှာ တကယ်ကောင်းမွန်တဲ့စွမ်းရည်နဲ့ ကစားပေးနိုင်သူပါ၊ သူက ထိပ်တန်းကလပ်အသင်းတစ်သင်းဆီကနေ အတွေ့အကြုံအများကြီးကို ယူဆောင်လာမှာဖြစ်ပါတယ်"

"လာလီဂါမှာ အမြင့်ဆုံးအဆင့်နဲ့ သူကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း နှစ်အတန်ကြာ သူ ကစားခဲ့ပါတယ်၊ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူ၊ ပွဲအပေါ်ချဉ်းကပ်မှုတွေကို ကျွန်တော်တို့ တကယ်ပဲအထင်ကြီးမိပါတယ်၊ သူက ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်ပြီး ကျွန်တော်တို့ကျင့်သုံးမယ့် စနစ်မှာ သူ့ကိုကောင်းကောင်းပေါင်းစပ်နိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။


အာဆင်နယ်ဟာ အခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လူးကပ်စ်တော်ရဲရားကို အက်သလက်တီကိုမက်ဒရစ်အသင်းဆီ အငှားပြန်လည်ချထားပေးခဲ့တယ်လို့ သိရပါတယ်။ 


Author


က္က