နိုင်ငံတကာပွဲတွေရှိနေလို့ ကလပ်အသင်းတွေ သက်သာရာ ရခဲ့ပါတယ်။
Kyaw Ko Ko Sint

ယခုတစ်ပတ် ပိုးတွေ့လူနာတွေထဲမှာ လီဗာပူးက သီယာဂိုလ်နဲ့မာနေးတို့လည်း ပါဝင်လာပါတယ်။

ပရီးမီးယားလိဂ် ပွဲစဥ် ၄အပြီး ကိုဗစ် လူနာသစ် ၉ဦး ထပ်တိုးလာခဲ့ကြောင်း ပရီးမီးယားလိဂ်က သတင်းထုတ် ပြန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ ၁၀ဦးတွေ့ရှိခဲ့ပြီး ဒါဟာ တစ်ပတ်တစ်ပတ် ထုတ်ပြန်တဲ့ ပိုးတွေ့လူနာသစ် စာရင်းမှာ အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ လီဗာပူးအသင်းက ကွင်းလယ်လူ သီယာဂိုလ်နဲ့ မာနေးတို့ ကိုဗစ် တွေ့ရှိထားလို့ သီးသန့် နေထိုင်နေရတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာစက်တင်ဘာ ၂၈မှ အောက်တိုဘာ ၄ရက်နေ့အထိ ကစားသမားနှင့်အသင်းဝန်ထမ်း စုစုပေါင်း ကိုဗစ်ရှိသူ ၁၅၈၇ဦးရှိပြီလို့ ထုတ်ပြန်ကြေညာလာပါတယ်။

လက်ရှိအချိန်မှာတော့ ပိုးတွေ့လူနာတွေဟာ ၁၀ရက်ကြာ သီးသန့် နေထိုင်ရမှာ ဖြစ်ပေမယ့် နိုင်ငံတကာပွဲတွေ ကစားဖို့ ရှိလို့ပရီးမီးယားလိဂ်ပွဲစဥ်တွေကို နှစ်ပတ်နီးပါး ရပ်နားဖို့ ရှိနေတာကြောင့် ကလပ်အသင်းတွေအ တွက် အနည်းငယ်သက်သာခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က