ဗိုင်းရပ်စ်ကူးစက်ခံထားရချိန်မှာ စဉ်းစားနေခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။
Pyae Phyo Thein

အသက် ၃၃ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးက သူနဲ့ သူ့ရဲ့ချစ်သူတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အနားယူဖို့အတွက် တွေးတောနေခဲ့တယ်လို့ ဝန်ခံပြောဆိုသွားခဲ့တာပါ။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ် ကာဗာနီက သူဟာ ဘောလုံးလောကနေ အနားယူဖို့ကို စဉ်းစားခဲ့သေးတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးက သူနဲ့ သူ့ရဲ့ချစ်သူတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အနားယူဖို့အတွက် တွေးတောနေခဲ့တယ်လို့ ဝန်ခံပြောဆိုသွားခဲ့တာပါ။ 

ကာဗာနီဟာ ယူနိုက်တက်ကို ၁နှစ်စာချုပ် + သက်တမ်း ၁နှစ်တိုးခွင့်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းအထိရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ နာမည်ကျော် ကျောနံပါတ် ၇ ဂျာစီကိုလည်း ဝတ်ဆင်ကစားခွင့်ရရှိမှာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်မလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီလည်းဖြစ်ပါတယ်။ 

ကာဗာနီက "မိသားစုကျန်းမာရေးက အဓိကပါပဲ၊ ကျွန်တော် ဘောလုံးလောကကနေ နုတ်ထွက်သွားဖို့ စဉ်းစားခဲ့တယ်၊ ဒါ အမှန်တရားပါ၊ ကျွန်တော်ကစားနေတာတွေကို ရပ်တန့်ပစ်ပြီးတော့ ကျေးလက်ဒေသမှာပဲ နေထိုင်ပြီး ဘဝကိုဖြတ်သန်းသွားဖို့လည်း ဖြစ်နိုင်ခဲ့ပါတယ်၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့မိသားစု အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ တကယ်ကိုဆိုးဝါးတာပါ"

"ဘာလို့လဲဆိုတော့ အကြောက်တရားကနှိုးဆွနေတာပါ၊ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ ပြန်လည်သက်သာလာခဲ့ပြီးတော့ အခုဒီကိုရောက်နေတာပါ" လို့ ကာဗာနီက အာဂျင်တီးနားသတင်းဌာနဖြစ်တဲ့ Dos de Punta ကို ပြောဆိုခဲ့ပါတယ်။ ကာဗာနီကို ဥရောပရဲ့ အခြားသောထိပ်တန်အသင်းတွေက ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဟာ ပြီးခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ လိဂ်ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် တတိယနေရာမှာ ရပ်တည်နေခဲ့သူဖြစ်ပါတယ်။ သူ့ထက်ပိုမိုဂိုးသွင်းနိုင်သူတွေအဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးတည်းသာရှိခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က