အာဆင်နယ်ကစားသမားအဖြစ် ရှိနေသရွေ့ စိုက်ပေးသွားမယ်လို့ ပြောခဲ့တာပါ။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပရိသတ်တွေကွင်းအတွင်းကို လာရောက်ကြည့်ရှုလို့မရချိန်မှာ အာဆင်နယ်အသင်းက ဂန်းနားဆောရက်စ်ကို ခေတ္တအနားပေးဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


အာဆင်နယ်အသင်းကွင်းလယ်လူမီဆွတ်အိုဇေးလ်ဟာ အသင်းရဲ့ လာဘ်ကောင်ရုပ်အဖြစ်ကနေ ခေတ္တအနားပေးခံလိုက်ရတဲ့ ဂန်းနားဆောရက်စ်ရဲ့ လစာငွေကို သူက စိုက်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ Jerry Quy ဟာ ၁၉၉၃ ခုနှစ်ကတည်းက ဂန်းနားဆောရက်စ်အဖြစ် တာဝန်ယူလုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပရိသတ်တွေကွင်းအတွင်းကို လာရောက်ကြည့်ရှုလို့မရချိန်မှာ အာဆင်နယ်အသင်းက ဂန်းနားဆောရက်စ်ကို ခေတ္တအနားပေးဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခဲ့တဲ့အပေါ်မှာ ဝေဖန်မှုအများအပြားရှိနေခဲ့ပြီး အာဆင်နယ်အသင်းကို လှောင်ပြောင်မှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။

Jerry Quy ကို ထောက်ပံ့ဖို့အတွက် အာဆင်နယ်ပရိသတ်တွေက ရန်ပုံငွေကောက်ခံမှုတွေပြုလုပ်နေခဲ့ပြီး အသင်းမှာ သစ္စာရှိရှိနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုတွေအပေါ် ဂုဏ်ပြုဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ အိုဇေးလ်က ဂန်းနားဆောရက်စ်အတွက် ပေးချေနေရမယ့် လစာငွေတွေကို သူ စိုက်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ 

အိုဇေးလ်ဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲအထိ ရရှိနေသူဖြစ်ပြီး လစာငွေလျှော့ချပေးဖို့ အသင်းဘက်က တောင်းဆိုခဲ့တာကို ငြင်းဆန်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာ အိုဇေးလ်က သူနဲ့အာဆင်နယ်တို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နောက်နှစ်နွေရာသီအထိ ဂန်းနားဆောရက်စ်အတွက် လစာငွေစိုက်ပေးဖို့ကမ်းလှမ်းခဲ့ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။

ဒီလုပ်ရပ်အပေါ်မှာ ချီးကျူးမှုတွေအများကြီးရှိနေခဲ့ပြီး အိုဇေးလ်ရဲ့ စေတနာကို အသိအမှတ်ပြုခဲ့ကြပါတယ်။ "ကျွန်တော်တို့ရဲ့ ကျော်ကြားပြီး သစ္စာရှိတဲ့ လာဘ်ကောင်ရုပ်လေးအတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ သူက အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ၂၇ နှစ်တိုင်တိုင် ဒီတာဝန်ကို ယူခဲ့တာပါ၊ ကျွန်တော်အာဆင်နယ်ကစားသမားအဖြစ်ရှိနေသရွေ့ သူ့ရဲ့လစာငွေအပြည့်အဝကို ကျွန်တော်ဘက်က ပေးချေသွားမယ်လို့ ကမ်းလှမ်းပါတယ်" လို့ အိုဇေးလ်က သူ့ရဲ့တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။ 


Author


က္က