လီဝင်က ဒီရာသီမှာ ပြိုင်ပွဲစုံသွငး်ဂိုး ၉ ဂိုးအထိရရှိထားတာပါ။
Pyae Phyo Thein

ကယ်လ်ဗတ်လီဝင်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ခြောက်ဂိုးအထိသွင်းယူထားပြီး ပြိုင်ပွဲစုံသွင်းဂိုး ၉ဂိုးအထိ ရရှိထားကာ ခြေစွမ်းပြသနေပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရသူဖြစ်ပါတယ်။


အဲဗာတန်အသင်းတိုက်စစ်မှူးရစ်ချာလီဆန်က အသင်းဖော်တွဲဖက်တိုက်စစ်မှူးကယ်လ်ဗတ်လီဝင်ရဲ့ ခေါင်းတိုက်စွမ်းရည်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။ ကယ်လ်ဗတ်လီဝင်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ခြောက်ဂိုးအထိသွင်းယူထားပြီး ပြိုင်ပွဲစုံသွင်းဂိုး ၉ဂိုးအထိ ရရှိထားကာ ခြေစွမ်းပြသနေပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ်ကစားသမားဟာ အဲဗာတန်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပြီး ရစ်ချာလီဆန်နဲ့ တွဲဖက်ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖက်အဖြစ် ခြေစွမ်းပြနေခဲ့ပါတယ်။ ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်တွေနဲ့ ဂိုးတွေသွင်းနေခဲ့ပြီးနောက် သူ့ရဲ့ ခုန်ပျံခေါင်းတိုက်မှုကို ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုနဲ့ ရစ်ချာလီဆန်က ခိုင်းနှိုင်းချီးကျူးခဲ့ပါတယ်။ 

"ဒေါမနစ်ရဲ့ တိုးတက်လာမှုက တကယ်ကို အထင်ကြိးဖို့ကောင်းပါတယ်၊ သူက ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါတယ်၊ အဲဗာတန်ကို ကျွန်တော်ရောက်ချိန်မှာ သူက ဒီနေ့မြင်တွေ့ရတဲ့သူလိုမျိုး မဟုတ်သေးဘူးဆိုတာကို မှတ်မိနေပါတယ်၊ သူက အလုပ်ကို တော်တော်လေးကြိုးစားခဲ့ပြီး Gym မှာ နေ့တိုင်းရှိနေခဲ့ပါတယ်၊ အဆုံးသတ်ပိုင်းအတွက် အမြဲတမ်းလေ့ကျင့်နေခဲ့တယ်"

"အန်ဆယ်လော့တီလက်အောက်မှာ သူက ကောင်းသထက်ပိုကောင်းလာခဲ့ပါတယ်၊ ဒီရာသီမှာလည်း အကောင်းဆုံးစတင်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းက သူ့ကိုခေါ်ယူဖို့ထိုက်တန်ခဲ့တယ်ဆိုတာ ဘာသံသယဖြစ်စရာမှမလိုပါဘူး၊ သူနဲ့ရင်ဆိုင်ရသူတွေအတွက်တော အိပ်မက်ဆိုးပါပဲ၊ သူက ရော်နယ်လိုပဲ မယုံကြည်နိုင်လောက်အောင် ခုန်နိုင်ပြီး ဂိုးသွင်းနိုုင်ခဲ့ပါတယ်" လို့ ရစ်ချာလီဆန်က FIFA ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ သူ့ရဲ့အမြင့်ဘောစွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ မြင့်မားတဲ့ ခေါင်းခုန်တိုက်မှုတွေက သိပ္ပံနည်းကျလေ့လာမှုတွေတောင် ပြုလုပ်ခဲ့ရပြီး သူ့ရဲ့ဒီလိုခုန်နိုင်စွမ်းမှာ အသေးစိတ်ကအစ တွက်ချက်ထားခဲ့ပြီး အခြားကစားသမားတွေထက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ချက်တွေရှိနေခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 


Author


က္က