ပေါင် ၁၀၀ ကိုလည်း ဆာလာက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လီဗာပူးလ်က အန်ဖီးလ်မှာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အဆိုပါအဖြစ်အပျက်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 


လီဗာပူးလ်အသင်းတိုက်စစ်မှူးမိုဟာမက်ဆာလာဟာ လူဆိုး၊လူရမ်းကားတစ်စုရဲ့ အနိုင်ကျင့်မှုကို ခံနေခဲ့ရတဲ့ အိမ်ခြေယာမဲ့လူတစ်ဦးကို ကယ်တင်ပေးခဲ့ပြီး တကယ့်လူ့ဘဝရဲ့ သူရဲကောင်းတစ်ဦးအဖြစ် ကောင်းကျိုးပြုနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လီဗာပူးလ်က အန်ဖီးလ်မှာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အဆိုပါအဖြစ်အပျက်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းနားမှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ခုနားကို အိ်မ်ခြေယာမဲ့လူတစ်ဦးဖြစ်တဲ့ ဒန်နီရယ်ခရိတ်က မကြာခဏဆိုသလို လာလေ့ရှိတယ်လို့ သိရပါတယ်။ အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဒန်နီရယ်ဟာ အဆိုပါနေ့က လူရမ်းကားတစ်စုရဲ့ လှောင်ပြောင်ရှုတ်ချမှုတွေကို ခံနေခဲ့ရပြီး အနိုင်ကျင့်ခံရစဉ်မှာ ဆာလာက ရောက်ရှိသွားခဲ့ပြီး သူ့ရဲ့ဘန်တလေကားပေါ်က ဆင်းခဲ့ပြီးနောက် ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် ာ ဆာလာက ကားကိုရပ်တန့်ခဲ့ပြီး ဒန်နီရယ်ကို ပေါင် ၁၀၀ လှူဒါန်းခဲ့တယ်လို့ Daily Star ကဖော်ပြခဲ့ပါတယ်။ ဒန်နီရယ်က The Sun သတင်းစာကို " သူက လီဗာပူးလ်အတွက် ကွင်းထဲမှာ ကစားပြနေသလို အပြင်မှာလည်း အံ့အားသင့်စရာကောင်းတဲ့လူပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော့်ကို ကောင်လေးတွေအုပ်စုက ဘာတွေပြောနေတာလဲဆိုတာကို သူ ကြားခဲ့ပါတယ်၊ အဲဒီနောက်မှာ သူက မင်းတို့လည်း နောက်ထပ်နှစ်နည်းနည်းကြားရင် သူ့လိုဖြစ်လာနိုင်တယ်လို့ သူက ဝင်ပြောခဲ့ပါတယ်၊ ပြီးတော့ ကျွန်တော့်ကို ပေါင် ၁၀၀ ပေးသွားခဲ့ပါတယ်၊ ဘယ်လောက်ထိ လူသားဆန်တဲ့ လူလဲဗျာ" လို့ ခရိတ်က ထပ်ပြောသွားခဲဲ့ပါတယ်။ 

အဆိုပါအဖြစ်အပျက်ကို CCTV မှတ်တမ်းတွေကနေလည်း ပြန်လည်ကြည့်ရှုနိုင်ခဲ့တယ်လို့ သိရပါတယ်။ "သူက ကျွန်တော့်မျက်လုံးတွေထဲမှာတော့ တကယ့်ဘဝထဲက သူရဲကောင်းပါပဲ၊ သူ့ကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်" လို့ ဒန်နီရယ်ခရိတ်က ထပ်ပြောခဲ့ပါတယ်။ ဆာလာကတော့ လီဗာပူးလ်မှာ တစ်ပတ်လုပ်ခ ပေါင်သိန်းချီကာရရှိနေသူဖြစ်ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးကစားသမား ၁ဝဦးစာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ 


Author


က္က