ဆက်ဆံရေးကို အခုထက်ပိုမို တင်းတင်းကြပ်ကြပ် လုပ်ဆောင်စေချင်တာပါ။

ကစားသမားတွေအပေါ်မှာ ပြုမူတဲ့ ဆက်ဆံမှုကို ပြောင်းလဲပြီး ပိုမို ပြင်းထန် တင်းကြပ်မှုမျိုး လုပ်စေချင်တာ ဖြစ်ပြီး အခုလို ပြောတဲ့အပေါ် ဆိုးလ်ရှားဟာ ရွိုင်ကိန်းမဟုတ်တာကြောင့်လည်း ကစားသမားတွေကို လည်ပင်း ညစ်ပြောဆိုနေမှာတော့ မဟုတ်လောက်ဘူးလို့ ထင်ကြောင်းလည်း ယော့ခ်က အရွှန်းဖောက်ခဲ့ပါသေးတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ကစားသမားတွေအပေါ်မှာ အနုနည်း မသုံးသင့်တော့ပဲ အကြမ်း နည်းဖြင့် ရက်စက်စွာ ပြောဆို ဆက်ဆံဖို့ လိုအပ်နေပြီလို့ ကစားဖော်ဟောင်း ဒွိုက်ယော့ခ်က တိုက်တွန်းပြောဆို လာပါတယ်။



ယူနိုက်တက်အသင်းမှာ ခေါင်းဆောင် ပျောက်ဆုံးနေပြီး ဒီအချိန်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ ကစားသမားတွေ အပေါ်မှာ အခုထက်ပိုမိုပြီး အပြင်းအထန် ပြောဆို ဆက်ဆံဖို့ လိုနေပြီလို့လည်းသတိပေးလိုက်တာပါ။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ စပါးအသင်းကို ၆-၁ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာပါ။

“ယူနိုက်တက်နည်းပြဘဝ အဆိုးရွားဆုံးနေ့ပါပဲ”လို့ ဆိုးလ်ရှားက အဆိုပါနေ့ပွဲအပြီးမှာ ပြောသွားခဲ့ပါသေးတယ်။

ဒီအပေါ်မှာတော့ ဆိုးလ်ရှားရဲ့ တစ်ချိန်က ယူနိုက်တက် ကစားဖော်ဟောင်း ဒွိုက်ယော့ခ်က - “ ခေါင်းဆောင်တော့ လိုနေပါပြီ၊ကွင်းအတွင်းမှာ အနိုင်ယူပေးနိုင်သူ လိုလာပြီလို့ ပြောချင်တာပါ။ဒါကို နည်းပြအနေနဲ့ လုပ်နိုင်စွမ်းရှိ တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့တော့ လိုပါတယ်။ဒီလို ဖြစ်လာတဲ့အထိ ကျွန်တော်တို့ တစ်လှမ်းချင်းစီတော့ သွားနေဖို့ လိုပါတယ်။”လို့ talkSPORT ကို ပြောခဲ့ပါတယ်။

အခုလိုမျိုး ဆိုးလ်ရှားကို ကစားသမားတွေအပေါ် အပြင်းအထန် ပြောဆိုဖို့ တိုက်တွန်းရာမှာလည်း သူဟာ ရွိုင်ကိန်း မဟုတ်တဲ့အတွက် လည်ပင်းညစ်ပြီးတော့ ပြောမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ကြောင်းယော့ခ်က အရွှန်းဖောက်ပြောပါသေးတယ်။

ယူနိုက်တက်ကတော့ လက်ရှိ လူဝယ်ရာသီပိတ်ချိန်မှာတော့ ကာဗာနီ၊အဲလက်စ်တဲလက်စ်၊ပယ်လစ်စထရီနဲ့ဒိုင်ယာ လိုတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က