ဗြိတိန်စည်းမျဉ်းအရ ကွာရန်တင်း ၁၄ ရက် ဝင်ရောက်ရမှာဖြစ်ပါတယ်။
Pyae Phyo Thein

မာရှယ်ပွဲပယ်ခံထားရတဲ့ အခြေအနေမှာ ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ အီဂါလိုအစရှိတဲ့ တိုက်စစ်ကစားသမား ၃ဦးကိုသာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။


ယူနိုက်တက်တိုက်စစ်မှူးသစ်ကာဗာနီဟာ အသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရဖို့အတွက် စောင့်ဆိုင်းရဖွယ်ရှိနေပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ စျေးကွက်နောက်ဆုံးနေ့မှာ ယူနိုက်တက်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပြီး အသင်းကစားသမားသစ်အဖြစ် ရှိနေခဲ့ပေမယ့်လည်း ဗြိတိန်စည်းကမ်းတွေကြောင့် စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

ဗြိတိန်ကို ပြည်ဝင်ခွင့်ဝင်ရောက်လာသူတိုင်းဟာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရောက်ရမှာဖြစ်ပြီးတော့ ကာဗာနီရဲ့ ပွဲထွက်ခွင့်ရမယ့်အနေအထားဟာ နှောင့်နှေးလာဖို့ရှိနေတာဖြစ်ပါတယ်။ ကာဗာနီအနေနဲ့ လက်ရှိမှာ သူ့ရဲ့နေအိမ်မှာပဲ တစ်ဦးတည်းသီးသန့်နေထိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်ဂျာစီနဲ့အတူ ဓာတ်ပုံရိုက်ကူးတာ၊ အင်တာဗျူးဖြေဆိုတာတွေကို မပြုလုပ်ရသေးတာဖြစ်ပါတယ်။ 

ကာဗာနီဟာ နွေရာသီကာလအတွင်း စပိန်ကို အပန်းဖြေခရီးသွားရောက်ခဲ့ရာကနေ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသေးသူဖြစ်ပါတယ်။ သူ့ရဲ့အပြောင်းအရွှေ့ကိစ္စရပ်တွေဟာ အလုံးစုံပြီးမြောက်ခဲ့ပြီး ယူနိုက်တက်အသင်းကလည်း တရားဝင်ကြေညာခဲ့ပြီးဖြစ်ပေမယ့် ကွာရန်တင်းဝင်ရမယ့် အခြေအနေကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကစားမယ့် နယူးကာဆယ်နဲ့အဝေးကွင်းပွဲစဉ်ကို လွဲချော်ဖို့ရှိနေတယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။ 

ဒါကြောင့် မာရှယ်ပွဲပယ်ခံထားရတဲ့ အခြေအနေမှာ ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ အီဂါလိုအစရှိတဲ့ တိုက်စစ်ကစားသမား ၃ဦးကိုသာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၃ပွဲကစားအပြီးမှာ ၂ပွဲအရေးနိမ့်ထားပြီး ၁ပွဲသာအနိုင်ရခဲ့ကာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပြီး ဖိအားတွေအောက်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ 


Author


က္က