အသင်းကနေ ထွက်ခွာဖို့ အားထုတ်နေပြီဖြစ်ပါတယ်။
Pyae Phyo Thein

အာဂျင်တီးနားကိုရောက်ရှိနေတဲ့ ရိုမဲယိုဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်စျေးကွက်မှာ အဲဗာတန်ကိုပြောင်းရွှေ့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲရှိခဲ့ရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဆာဂျီယိုရိုမဲယိုဟာ မေဂျာလိဂ်ကိုပြောင်းရွှေ့ဖို့အတွက် ပစ်မှတ်ထားနေပြီး အသင်းကနေ ထွက်ခွာခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။ သူ့ရဲ့အနာဂတ်ကို ဖြေရှင်းဖို့အတွက် ရိုမဲယိုက နောက်ထပ်ခြေလှမ်းကို ထပ်မံလှမ်းခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့အထိ မေဂျာလိဂ်စျေးကွက်ဖွင့်လှစ်ထားတဲ့အပေါ် အသုံးချဖို့ မျှော်လင့်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အာဂျင်တီးနားကိုရောက်ရှိနေတဲ့ ရိုမဲယိုဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်စျေးကွက်မှာ အဲဗာတန်ကိုပြောင်းရွှေ့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲရှိခဲ့ရပါတယ်။ ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေးသတ်မှတ်မှုက အဆင်မပြေမှုတွေဖြစ်ခဲ့ပြိးနောက် အဲဗာတန်က ရိုးမားဂိုးသမား ရော်ဘင်အော်လ်ဆင်ကိုသာ ခေါ်ယူခဲ့ပြီး ရိုမဲယိုကို လက်လွှတ်ခဲ့ပါတယ်။ 

ဒင်းဟန်ဒါဆန်က ရှက်ဖီးကနေ ပြန်ရောက်လာခဲ့ပြီးနောက် နံပါတ် ၂ ဂိုးသမားနေရာမှာရှိနေတဲ့ ရိုမဲယိုရဲ့ နေရာကို ရယူသွားခဲ့ပါတယ်။ ဒါကြောင့် ရိုမဲယိုအတွက် ပွဲကစားခွင့်ရဖို့က တော်တော်လေးခက်ခဲသွားခဲ့ပြီး ဒီရာသီမှာလည်း တစ်ပွဲမှ ပါဝင်ကစားပေးထားခြင်းမရှိဘဲ သူ့ရဲ့အနာဂတ်ဟာ လေ့ကျင့်ခန်းပြုလုပ်နေရင်းနဲ့သာ အချိန်ကုန်ဆုံးရတော့မှာလည်းဖြစ်ပါတယ်။

ရိုမဲယိုရဲ့ အနေအထားနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူ ဂွါစီယိုက ယူနိုက်တက်ကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ပြိး ခင်ပွန်းဖြစ်သူအပေါ် လေးစားမှုထားဖို့ တောင်းဆိုခဲ့ပါတယ်။ လေးစားမှုလေး တစ်ကြိမ်လောက်သာ ပြသပေးဖို့ တောင်းဆိုခဲ့ပြီး အသင်းပြောင်းရွှေ့ခွင့်ပေးဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ ရိုမဲယိုကို အခွင့်အရေးပေးသင့်တယ်လို့ သူမက ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။ 

ဆမ်ဒိုးရီးယားက ပြောင်းရွှေ့လာခဲ့တဲ့ ရိုမဲယိုဟာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ဖလားပွဲတွေကိုသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ပေးဂိုးမရှိပွဲအများအပြားပိုင်ဆိုင်ခဲ့ကာ အကောင်းဆုံးအရန်ဂိုးသမားလို့ သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ 



Author


က္က