သူ့ကိုရရှိထားတာကို ကျေးဇူးတင်သင့်တယ်လို့ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မက်ဂွိုင်းယားလိုကစားသမားကို အသင်းခေါင်းဆောင်အဖြစ် မြင်တွေ့နေရပြီး သူတို့ထက်စာရင် မိမိကို ခေါင်းဆောင်အဖြစ် မြင်တွေ့နေရတာက ပိုကောင်းတယ်လို့ အီမရာခန်းက ပြောသွားခဲ့တာပါ။


ပါကစ္စတန်ပြည်သူတွေအနေနဲ့ သူ့လိုခေါင်းဆောင်မျိုးရရှိထားတာကို ကျေနပ်သင့်တယ်လို့ ဝန်ကြီးချုပ်အီမရာခန်းက ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မက်ဂွိုင်းယားလိုကစားသမားကို အသင်းခေါင်းဆောင်အဖြစ် မြင်တွေ့နေရပြီး သူတို့ထက်စာရင် မိမိကို ခေါင်းဆောင်အဖြစ် မြင်တွေ့နေရတာက ပိုကောင်းတယ်လို့ အီမရာခန်းက ပြောသွားခဲ့တာပါ။

The Dependent နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ခရစ်ကတ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားဟောင်းတဖြစ်လဲ လက်ရှိပါကစ္စတန်ဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ သန်းပေါင်း ၆၆၀ အထိရှိတဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ စိတ်ရှည်နေမှုတွေကိုလည်း အတုယူသင့်တယ်လို့ သူက ထပ်ပြောခဲ့ပါသေးတယ်။

"ခန့်မှန်းချေအားဖြင့် သန်းပေါင်း ၆၆၀ ရှိတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက အသင်းခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားကို ရရှိထားကြတာပါ၊ မက်ဂွိုင်းယားနဲ့ ဆိုးလ်ရှားတို့ ဘာပြောကြမလဲဆိုတာကို မြင်ယောင်ကြည့်ပါ၊ ပထမဆုံးအနေနဲ့ ခင်ဗျားတို့ မစိုးရိမ်ကြပါနဲ့လို့ သူတို့က ပြောမှာပါပဲ၊ ကမ္ဘာ့ဖလားဆုရှင် (ခရစ်ကတ်)၊ အချိန်တိုင်းရဲ့ အကြီးကျယ်ဆုံးကစားသမား၊ နေရာတိုင်းမှာ ဦးဆောင်နိုင်သူဖြစ်တဲ့ ကျွန်တော့်ကို ရရှိထားတာကို ကျေးဇူးတင်သင့်ပါတယ်"

"သန်း ၂၂၀ သော ပါကစ္စတန်ပြည်သူတွေက အီမရာခန်းကို သူတို့ရဲ့ခေါင်းဆောင် (ကပ္ပတိန်) အဖြစ်ရရှိထားကြပြီး မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ်ရရှိထားတဲ့ ယူနိုက်တက်ပရိသတ် သန်းပေါင်း ၆၆၀ ကို စဉ်းစားသာကြည့်ပါတော့၊" လို့ အီမရာခန်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မက်ဂွိုင်းယားနဲ့ ဆိုးလ်ရှားတို့ဟာ ဘုတ်အဖွဲ့၊ ရွေးချယ်သူတွေနဲ့ ညှိနှိုင်းရာမှာ သူလို့မတူညီဘဲ ရှုံးနိမ့်ခဲ့တယ်လို့ ထပ်ပြောခဲ့ပါတယ်။ 

"ဘုတ်အဖွဲ့က ကန့်လန်ကာနောက်ကွယ်ကနေ ရယ်စရာကောင်းတဲ့အချက်တွေကို ဆုံးဖြတ်နေခဲ့ကြပြီး သူတို့ကို ရှေ့ပို့ပြီး ကိုယ့်ကိုကိုယ်ကာကွယ်နေခဲ့ကြပါတယ်၊ ကျွန်တော်လည်း ဒီလိုမျိုးပုံစံကြုံဖူးပါတယ်၊ ဒါပေမယ့် ကျွန်တော်မပြုတ်ခင်မှာ ဆိုးလ်ရှားနဲ့ မက်ဂွိုင်းယားတို့က အရင်ဆုံး အထုတ်ခံရဖို့ရှိနေပါတယ်၊ ပါကစ္စတန်ပြည်သူတွေအနေနဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ စိတ်ရှည်မှုကိုသင်ယူရမှာပါ၊ မက်ဂွိုင်းယား၊ ဆိုးလ်ရှား၊ ဘုတ်အဖွဲ့နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့လုပ်ရပ်တွေကို သူတို့လုပ်တာကို တွေ့မိကြရဲ့လား" လို့ အီမရာခန်းက ပြောသွားခဲ့ပါတယ်။ 


Author


က္က