အိုလ်ဇေးကတော့ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာပါ။

အသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်ပေမယ့်လည်း နည်းပြ အာတီတာရဲ့ လိုအပ်ချက် မရှိတဲ့ အတွက် အိုလ်ဇေးဟာ အသင်းနဲ့အတူ ပွဲထွက်ပါဝင်ကစားပေးထားနိုင်ခြင်း မရှိသေးပါဘူး။

ယူရိုပါလိဂ် အုပ်စုပွဲစဥ်တွေအတွက် စာရင်းထုတ်ပြန်တဲ့ အာဆင်နယ်အသင်းရဲ့ ၂၅ယောက် အပြီးသတ် လူစာရင်း မှာ အိုလ်ဇေး မပါဝင်လာပါဘူး။



အသင်းမှာ အိုလ်ဇေးက လုပ်ခအမြင့်ဆုံး အဖြစ် တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲ ရရှိနေသည့်တိုင်အောင် နည်းပြ အာတီတာက အိုလ်ဇေးလ်ကို ယခုနှစ် ဘောလုံးရာသီမှာလည်း နှစ်ပွဲမျှသာ ပွဲလူစာရင်းမှာ ထည်သွင်းထားခဲ့ တယ်လို့ Daily Mail ကဖော်ပြထားပါတယ်။

အိုလ်ဇေးနဲ့ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်နွေရာသီမှာ ပြည့်မှာ ဖြစ်လို့ အိုလ်ဇေးအနေ နဲ့ ဇန်နဝါရီအထိ အသင်းသစ်ကို ပြောင်းရွှေ့လို့ ရမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း အိုလ်ဇေးကတော့ သူအသင်းမှာ ဆက်ရှိနေချိန်အထိ အသင်းက အလုပ်ထုတ်ပယ်ခဲ့တဲ့ လာဘ် ကောင်လေး ဂန်းနားဆောရက်စ်အတွက် လုပ်ခကို သူကျခံပေးသွားမယ်လို့ ဆိုထားပါသေးတယ်။

အိုလ်ဇေးနည်းတူ ဂရိနောက်ခံလူ ဆိုကရာတစ်လည်း အသင်းရဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဥ် ကစားမယ့် လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်အသင်းအနေနဲ့ အခြားတစ်ဖက်မှာလည်း ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိတွေ့ထားသူလို့ သတ်မှတ်ခံထားရ လို့ သီးသန့် နေထိုင်နေရတဲ့ ဘယ်‌နောက်ခံလူ တီယာနေးကို မန်စီးတီးကစားရမယ့် ပွဲစဥ်အတွက် လက်လွှတ်ရဖို့ ရှိ နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က