ဘုရင်မကြီးရဲ့ MBE ဆုတံဆိပ်ကိုလည်း ပေးအပ်ခြင်း ခံထားရပါတယ်။
Kyaw Ko Ko Sint

ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစကားပြောဆိုခွင့်ရပါက စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေတဲ့ ကလေးသူငယ်တွေအတွက် လုပ်ဆောင်ပေးနေတဲ့ လူမှုရေးလုပ်ငန်းတွေကို ယခုထက်ပိုမို တိုးချဲ့လုပ်ဆောင်နိုင်ဖို့ အကူအညီတောင်းခံသွား မယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ ကလေးငယ်တွေ ဆာလောင်မှုကင်းဝေးဖို့ လူမှုရေးလုပ်ငန်းတွေ ဦးဆောာင်လုပ်ကိုင်ခဲ့တဲ့အတွက် အင်္ဂလန် ဘုရင်မကြီးရဲ့ ဂုဏ်ပြု ဆုတံဆိပ် MBE ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ အင်္ဂလန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံလိုပြီး အကြောင်းက တော့ လက်ရှိလုပ်ဆောင်နေတဲ့ ကျောင်းတွေအပါအဝင် အစားအစာ လိုအပ်ချက်ရှိနေတဲ့ ကလေးငယ်တွေ အတွက် အစားအစာ ရှာဖွေပေးရေး လူမှုရေးလုပ်ငန်းကို ဆက်လက် တိုးချဲ့ လုပ်ဆောင်ချင်တာကြောင့်လို့ သိရ ပါတယ်။

အခုရရှိခဲ့တဲ့ ဆုတံဆိပ်အတွက် ဂုဏ်ယူပေမယ့်လည်း ဒီဆုက ဝန်ကြီးချုပ်နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ချက် ဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ရှိနေတဲ့ အစားအစာ လိုအပ်ချက် ပြင်းထန်နေတဲ့ ကလေးငယ်တွေအတွက် လူမှုရေး လုပ်ငန်း တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ တောင်းဆိုသွားမယ်လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။

“ကျွန်တော့်အတွက်တော့ အခုအခိုက်အတန့်က ဂုဏ်ယူစရာအကောင်းဆုံးပါပဲ၊ဒါပေမယ့် အောင်မြင်မှုတွေ ဆက် လက်ရရှိဖို့ဆိုရင် ကျွန်တော်လျှောက်နေတဲ့လမ်းက အခုမှ အစပဲ ရှိပါသေးတယ်။ဝန်ကြီးချုပ်နဲ့ တွေ့ရင်လည်း ကလေးငယ်တွေ လိုအပ်ချက်တွေကို တင်ပြပြီး ဆက်လက် တိုးချဲ့နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။”လို့ ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ စားနပ်ရိက္ခာ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိနေသူပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က