အခက်အခဲကိုယ်စီရှိနေတဲ့ မန်ချက်စတာနှစ်သင်းက နည်းပြသစ်အတွက် အပြိုင်ဖြစ်နေပါတယ်။
Pyae Phyo Thein

လက်ရှိဘောလုံးရာသီမှာ ရလဒ်တွေကျဆင်းနေပြီး နှစ်သင်းစလုံးက ကိုယ့်အတိုင်းအတာနဲ့ကိုယ် အခြေအနေတွေဆိုးရွားနေတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ကို ဦးတည်လာခဲ့ကြတာဖြစ်ပါတယ်။ 


မန်ချက်စတာအခြေစိုက် ယူနိုက်တက် နဲ့ မန်စီးတီးတို့ဟာ စပါးနည်းပြဟောင်းပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စောင့်ကြည့်နေပြီလို့ သိရပါတယ်။ လက်ရှိဘောလုံးရာသီမှာ ရလဒ်တွေကျဆင်းနေပြီး နှစ်သင်းစလုံးက ကိုယ့်အတိုင်းအတာနဲ့ကိုယ် အခြေအနေတွေဆိုးရွားနေတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ကို ဦးတည်လာခဲ့ကြတာဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးကို ၆-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ အမှတ်ပေးပွဲ ၃ပွဲမှာ ၂ပွဲအထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားအပေါ် ကစားသမားတွေက ယုံကြည်မှုမရှိတော့ဘူးလို့ သတင်းတွေထွက်လာခဲ့ပြီး အသင်းဒုဥက္ကဌဝုဒ်ဝက်ဒ်ကလည်း လာမယ့်ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားခဲ့မယ်ဆိုရင် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း မန်စီးတီးက နည်းပြဂွာဒီယိုလာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ နှောင့်နှေးနေပြီး နည်းပြသစ်ကို အသင့်ဖြစ်နေအောင် ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဂွာဒိယိုလာရဲ့ အစောပိုင်းရာသီတွေမှာ မန်စီးတီးက တောင့်တင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းနဲ့ ဒီနှစ်ဘောလုံးရာသီသစ်မှာ မန်စီးတီးက အခြေအနေယိုယွင်းမှုတွေရှိလာခဲ့ပါတယ်။

ဂွာဒိယိုလာနဲ့ မန်စီးတီးတို့ရဲ့ စာချုပ်ဟာ ၇ လသာ ကျန်တော့တယ်လို့သိရပြီး ပိုချက်တီနိုကို လာမယ့်ရာသီသစ်မှာ ခန့်အပ်ဖို့ မန်စီးတီးက စောင့်ကြည့်နေတာလို့ သိရတာဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် အာဂျင်တီးနားလူမျိုးပိုချက်တီနိုဟာ စပါးအသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘောလုံးလောကနဲ့ ဝေးကွာနေတာ တစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ပိုချက်တီနိုက ယူနိုက်တက်နည်းပြဖြစ်လာဖို့ ပိုမိုရေပန်းစားနေပြီး ဆိုးလ်ရှားအတွက်တော့ ဖိအားတွေဝင်နေပြီဖြစ်ပါတယ်။ မန်စီးတီးကတော့ ဂွာဒီယိုလာ အလိုရှိတဲ့ ခံစစ်ကစားသမားတွေကို ခေါ်ယူပေးထားပြီး စာချုပ်သစ်ကိစ္စကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ ပိုချက်တီနိုက ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ပိုမိုအလေးသာနေတာဖြစ်ပါတယ်။ 


Author


က္က