လက်ရှိမှာ ဝေးလ်အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူနေပါတယ်။

ဂစ်ဟာ ၂၀၁၆ကတည်းက ယူနိုက်တက် နည်းပြ ဖြစ်ခဲ့သင့်ပေမယ့် ထိုစဥ်က ယူနိုက်တက်အသင်းဟာ နာမည်ကြီး နည်းပြတစ်ဦးကို အလိုရှိနေခဲ့ချိန်ဖြစ်လို့ လက်လွှတ်ခဲ့ရတာလို့ သိရပါသေးတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်နေရာအတွက် အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သူ ရွိုင် ယန်ဂစ်လည်း အခြားနာမည်ကြီး နည်းပြအချို့နဲ့အတူ အပြိုင်ပါဝင်လာနိုင်တယ်လို့ ကစားဖော်ဟောင်းတစ်ဦးဖြစ် သူ မတ်ခ်ဟုချ်က ထောက်ခံ ပြောဆိုလာပါတယ်။



ဟုချ်က ဂစ်အနေနဲ့ ၂၀၁၆ခုနှစ်ကတည်းက ယူနိုက်တက် နည်းပြရာထူးကို လွတ်သွားခဲ့တာ ဖြစ်ပြီး အဲ့တုန်းက မန် ချက်စတာယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဖက် မန်စီးတီးရဲ့ နည်းပြ ဂွါဒီယိုလာနဲ့အပြိုင် နာမည်ကြီး နည်းပြ တစ်ဦးကိုသာ ခေါ်ယူချင်နေခဲ့တာကြောင့်လို့လည်း ပြောပါတယ်။

“ရွိုင်ရယ်အနေနဲ့ နည်းပြလောကမှာ နေရာတစ်ခု ရောက်နေပါပြီ။ပိုပြီးတော့လည်း တိုးတက်နေပါတယ်။ဒါကြောင့် ၂၀၁၆က လူးဝစ္စဗန်ဟားရဲ့ လက်‌ထောက်နည်းပြလုပ်ခဲ့ပြီး ထွက်ခဲ့ရတာထက်ပိုပြီး ယူနိုက်တက်မှာ အခွင့်အလမ်း ရှိနေသေးတယ်လို့ ထင်ပါတယ်။”လို့လည်း မတ်ခ်ဟုချ်က ဆိုပါတယ်။

ဆက်လက်ပြီးတော့ လက်ရှိအချိန်ထိ ဂစ်ရဲ့ စီဗွီကို ယူနိုက်တက်အသင်းအနေနဲ့ မကောင်းမွန်သေးဘူးလို့ ထင်လို့ ရပေမယ့် လာမယ့် ဥရောပဖလားမှာ ချန်ပီယံ(သို့)တစ်ခုခု ထူးခြားအောင်စွမ်းဆောင်ပြနိုင်ခဲ့ရင်တော့ မေးနေစရာ မေးခွန်းတောင် မရှိတော့ဘူးလို့ ထင်တဲ့အကြောင်းလည်း မတ်ခ်ဟုချ်က ဆိုပါသေးတယ်။

ဂစ်ကတော့ ယူနိုက်တက်မှာ နည်းပြ မိုယက်စ်ရဲ့ လက်ထောက်နည်းပြအဖြစ် စတင်လုပ်ဆောင်ခဲ့သလို ဗန်ဟားရဲ့ လက်ထောက်နည်းပြအဖြစ်လည်း လုပ်ကိုင်ခဲ့ပါသေးတယ်။

အဲ့နောက် ဝေးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၁ကို ရွှေ့ထားတဲ့ ယူရိူ ၂၀၂၀ ပြိုင်ပွဲကို ဝင် ခွင့်ရရှိအောင်စွမ်းဆောင်ပေးထာားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က