ဆိုးလ်ရှားကိုလည်း နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ပေါ်တူဂီလက်ရွေးစင်ဟာ အဆိုပါပွဲမှာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပယ်နယ်တီကတဆင့်သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲလှယ်ခံခဲ့ရသူဖြစ်ပါတယ်။ 


ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ စပါးကိုအိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းတွေအပေါ် ဒေါသထွက်နေခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ အဆိုပါပွဲမှာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပယ်နယ်တီကတဆင့်သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲလှယ်ခံခဲ့ရသူဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားကိုလည်း နည်းစနစ်ပိုင်းတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သလို အသင်းဖော်တွေကိုလည်း အဝတ်လဲခန်းအတွင်းမှာ ဆူပူကြိမ်းမောင်းခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ အသင်းဖော်တွေရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်အပေါ် လုံးဝကျေနပ်မှုမရှိဖြစ်နေခဲ့ပြီး အဝတ်လဲခန်းအတွင်းမှာ သူ့အသံတွေနဲ့ချည်းပဲ ဖုံးလွှမ်းနေခဲ့တယ်လို့ နီးစပ်သူတွေက ဖွင့်ဟခဲ့ကြောင်း Daily Mail က ဆိုပါတယ်။ 

"ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တဲ့အချိန်မှာ ဖာနန်ဒက်စ်က ဒေါသတော်တော်လေးထွက်နေပြီး သူ့မျက်နှာက နီရဲတွတ်နေသလို ဘယ်လောက်ထိပေါက်ကွဲနေလဲဆိုတာ ထင်ရှားပါတယ်၊ သူက အသင်းဖော်တွေကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂုဏ်ယူစရာ အမည်နာမကိုတောင်မှ မထောက်ထားခဲ့ဘူးလို့ စွပ်စွဲခဲ့ပါသေးတယ်၊ ငါတို့က ယူနို်က်တက်ဖြစ်အောင် လုပ်ကြရမယ်"

"ဒီလိုမျိုးမဖြစ်သင့်ဘူးလို့ သူ အော်ပြောနေခဲ့တာပဲ၊ ပြီးတော့ နည်းပြကလည်း မှားယွင်းတဲ့ နည်းစနစ်ပိုင်းအသုံးပြုမှုတွေအတွက် ပြစ်တင်ခံရမယ်ဆိုတာ ရှင်းပါတယ်၊ ဖာနန်ဒက်စ်က စပြောတော့မှ ကျန်တဲ့သူတွေလည်း အသံထွက်လာကြတယ်၊ ဒါပေမယ့်လည်း အဓိကအင်အားစုတွေကို ယူလာခဲ့တာက ဖာနန်ဒက်စ်ပါ" လို့ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတစ်ဦးက ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ဟာ အသင်းရှုံးပွဲကြုံတွေ့ပါက တော်တော်လေးဒေါသထွက်တတ်သူဆိုတာကို စပို့တင်းလစ္စဘွန်းမှာကတည်းက မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အသင်းဖော်တွေကို မညှာမတာဝေဖန်ဖို့လည်း ဝန်လေးနေသူမဟုတ်ဘူးလို့ လူသိများပါတယ်။ လက်ရှိမှာ ယူနိုက်တက်တာဝန်ရှိသူတွေက ဖာနန်ဒက်စ်ရဲ့ ဒေါသကြီးတတ်မှုကို လျှော့ချနိုင်ဖို့ နည်းလမ်းရှာဖွေနေရကြောင်းလည်း သိရပါတယ်။ 


Author


က္က