အာဆင်နယ်-မန်စီးတီးပွဲကတော့ လာမယ့် အောက်တိုဘာ ၁၇ရက်နေ့မှာ ကစားမှာပါ။

ကိုဗစ်ကြောင့် ကစားသမားအချို့ သီးသန့် နေထိုင်နေရသလို၊ ဒဏ်ရာရ ကစားသမားတွေ စာရင်းမှာ အဓိက တိုက်စစ်မှူး ၃ဦးစလုံးပါဝင်နေတာက မန်စီးတီးအတွက် အဓိက ထိုးနှက်ချက် ဖြစ်လာတာပါ။

မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပွဲမတိုင် အဓိက တိုက်စစ်မှူးတွေ ဒဏ်ရာပြ ဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။



ကစားသမားအချို့ ကိုဗစ်ရောဂါပိုး တွေ့ရှိထားလို့ သီးသန့် နေထိုင်နေရသလို ဒဏ်ရာရကစားသမားတွေလည်း များပြားနေတာက မန်စီးတီးအတွက် အဓိက ပြဿနာ ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာတော့ အဓိက ကစားသမားအချို့ ဖြစ်တဲ့ ဘာနန်ဒိုဆေးလ်ဗား၊လာပေါ်တေနဲ့ကန်ဆယ်လိုတို့ ဒဏ်ရာအသီးသီးကနေ သက်သာပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းနေနိုင်ပြီလို့ သိထားရပေမယ့်လည်း တိုက်စစ်မှူး တွေဖြစ်ကြတဲ့ အဂူရို၊ဂါဘရီရယ်လ်နဲ့ စတားလင်းတို့ကိုတို့ မန်စီးတီးအသင်း အာဆင်နယ်နဲ့ပွဲမှာ လက်လွှတ်ရဖို့ ရှိ နေတာပါ။

အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုကတော့ မနှစ်က ဘောလုံးရာသီကတည်းက ချန်ပီယံလိဂ်ပွဲစဥ်တစ်ပွဲမှာ ဒူးဒဏ် ရာရရှိပြီး အနားယူနေရရာမှာ လာမယ့်အောက်တိုဘာလ နှောင်းပိုင်းအထိ အနားယူရဖို့ ရှိနေတာပါ။

အလားတူ ဂါဘရီရယ်လ်ကလည်း မန်စီးတီးရဲ့ ရာသီအဖွင့်ပွဲဖြစ်တဲ့ ဝုလ်နဲ့ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ‌နောက်ထထပ် ၂ပတ်ခန့် အနားယူရဦးမယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြုထားပါတယ်။

နောက်ထပ် အားနည်းချက်ကတော့ အင်္ဂလန် တိုက်စစ်မှူး စတားလင်းဖြစ်ပြီး ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာပင် မပါဝင်ထားသူပါ။

မန်စီးတီးအသင်းကတော့ ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲ ၃ပွဲကစား ၄မှတ်သာရရှိထားလို့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေရပါတယ်။

Share

Loading Next Article...
က္က