ဆော်ဒီကလပ်တစ်ခုက ကမ်းလှမ်းခဲ့တာပါ။
Pyae Phyo Thein

တစ်နှစ်လုပ်ခ ပေါင် ၁၈သန်းအထိပေးကာ ထပ်မံကမ်းလှမ်းခဲ့ပြီး မက်မောလောက်စရာဖြစ်ခဲ့ပေမယ့် မာတာက ထပ်မံငြင်းဆန်သွားခဲ့့ပါတယ်။ 


ယူနိုက်တက်ကွင်းလယ်လူမာတာဟာ ဆော်ဒီကလပ်တစ်ခုဆီက မက်မောလောက်ဖွယ်ရာ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်မှာသာ ဆက်လက်ကစားသွားဖို့ မာတာက ဆုံးဖြတ်ထားပြီး မြင့်မားတဲ့လုပ်ခလစာငွေကြေးရရှိမယ့် အခွင့်အရေးကို ၂ကြိမ်တိုင်တိုင် ငြင်းဆန်ပယ်ချခဲ့တယ်လို့ ကစားသမားရဲ့အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်သူက အတည်ပြုခဲ့ပါတယ်။ 

အမည်ဖော်ပြထားခြင်းမရှိတဲ့ ဆော်ဒီကလပ်တစ်ခုက မာတာကို ပြီးခဲ့တဲ့တစ်ပတ်အတွင်းက တစ်နှစ်လုပ်ခပေါင်် ၁၁.၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို မာတာက ငြင်းဆန်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဆော်ဒီကလပ်က နောက်တစ်ကြိမ်မှာ တစ်နှစ်လုပ်ခ ပေါင် ၁၈သန်းအထိပေးကာ ထပ်မံကမ်းလှမ်းခဲ့ပြီး မက်မောလောက်စရာဖြစ်ခဲ့ပေမယ့် မာတာက ထပ်မံငြင်းဆန်သွားခဲ့့ပါတယ်။ 

စပိန်သတင်းစာ AS ကလည်း ဒီရာသီမှာ မာတာက အသင်းကနေထွက်ခွာဖို့ စိတ်ကူးမရှိဘူးလို့ ဖော်ပြခဲ့ပြီး အသက် ၃၂နှစ်အရွယ် နောက်ခံလူက ယူနိုက်တက်ဟာ ဒီရာသီမှာ အောင်မြင်မှုတွေရရှိလိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်းသိရပါတယ်။ မာတာအနေနဲ့ ကာရာဘောင်းဖလားပွဲတွေမှာသာ ကစားခွင့်ရရှိနေပြီး ပရီးမီးယားလိဂ်မှာတော့ ပုံမှန်ကစားခွင့်ဆုံးရှုံးနေသူဖြ်စပါတယ်။ 

ဒါပေမယ့်လည်း မာတာက အိုးထရက်ဖို့ဒ်မှာ ဆက်လက်ကစားဖို့ကိုပဲ ဦးစားပေးဆုံးဖြတ်ခဲ့ပြိး အသင်းအတွက်ကစားပေးခွင့်ရဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်ကလည်း မာတာက လူငယ်အသင်းနဲ့ လူကြီးအသင်းကြားမှာ ဆက်သွယ်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုလို့ ယုံကြည်နေပြီး စပိန်သားရဲ့ အတွေ့အကြုံတွေက ယူနိုက်တက်ကို အကျိုးပြုနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ 

မာတာကတော့ ယူနို်က်တက်အတွက် လက်ရှိမှာ ပြိုင်ပွဲစုံ ၂၅၇ ပွဲကစားပေးထားခဲ့ပြီး ဂိုးပေါင်း ၅၀ အထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပြီး စီနီယာကစားသမားတစ်ဦးအဖြစ်နဲ့ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေမှာဖြစ်ကာ ဆော်ဒီကလပ်ရဲ့ မျှော်လင့်ချက်တွေကတော့ ဖြစ်မြောက်မလာဘဲ ပျက်ပြယ်ခဲ့ရပါတယ်။ 


Author


က္က