ဆိုးလ်ရှားနဲ့ ပြသနာဖြစ်ပွားခဲ့တယ်ဆိုတဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

ဆိုးလ်ရှားရဲ့ နည်းစနစ်တွေကို ဖာနန်ဒက်စ်က ဝေဖန်ခဲ့ပြီး သူ့ကိုလူစားလဲလှယ်ခဲ့တဲ့နောက်မှာ ပိုပြီးဒေါသူပုန်ထခဲ့တယ်လို့ ယူနိုက်တက်အဝတ်လဲခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောဆိုခဲ့ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။


စပါးကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားနဲ့ အချင်းများမှုတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းတွေကို ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က ငြင်းဆိုလိုက်ပါတယ်။ အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာပဲ ဖာနန်ဒက်စ်ဟာ လူစားလဲလှယ်ခံခဲ့ရပြီး အဝတ်လဲခန်းအတွင်းမှာ ဆိုးလ်ရှားအပါအဝင် အသင်းဖော်တွေကို ပြစ်တင်ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ နည်းစနစ်တွေကို ဖာနန်ဒက်စ်က ဝေဖန်ခဲ့ပြီး သူ့ကိုလူစားလဲလှယ်ခဲ့တဲ့နောက်မှာ ပိုပြီးဒေါသူပုန်ထခဲ့တယ်လို့ ယူနိုက်တက်အဝတ်လဲခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောဆိုခဲ့ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူက ဆွီဒင်နဲ့ပွဲအပြီးမှာ အဆိုပါသတင်းတွေကို ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ 

"အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေအများကြီးရှိပါတယ်၊ ပထမဦးဆုံးကတော့ အသင်းဖော်တွေနဲ့ ဆွေးနွေးခဲ့ကြတာပါ၊ အငြင်းပွားငြင်းခုန်ခဲ့တာမဟုတ်ပါဘူး၊ လင်ဒီလော့ဖ်တစ်ဦးတည်းနဲ့ ကျွန်တော်ဆွေးနွေးခဲ့တာဖြစ်ပြီး နည်းပြနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်၊ ဒီသတင်းတွေက အသင်းကို မတည်မငြိမ်ဖြစ်စေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"

"ပြောနေကြတာတွေက မဟုတ်မှန်ပါဘူး၊ ပထမပိုင်းမှာ ကျွန်တော်လူစားလဲခံခဲ့ရတယ်၊ဒါအမှန်ပါပဲ၊ နည်းစနစ်ပိုင်းအရ ရွေးချယ်မှုပါ၊ နည်းပြက ကျွန်တော်ပွဲတွေအများကြီးကစားရဖို့ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်၊ ဒါကို ကျွန်တော်လက်ခံပါတယ်၊ စိ်တ်ကျေနပ်မှုတော့ မရှိပေမယ့် အသင်းကို အန္တရာယ်ဖြစ်စေမယ့် ပြောစကားတွေတော့ ကျွန်တော်မပြောခဲ့ပါဘူး" လို့ ဖာနန်ဒက်စ်က Sport TV ကို ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော့်နာမည်ကို အသုံးမချပါနဲ့၊ အသင်းဖော်တွေ ဒါမှမဟုတ် နည်းပြနာမည်ကိုလည်း အသုံးမချပါနဲ့၊ ဒီလိုဖိအားတွေက ကောင်းမွန်ပါတယ်၊ အသင်းက နယူးကာဆယ်နဲ့ပွဲမှာ ဒီအတွက် အဖြေပေးသွားဖို့ အသင့်ရှိနေပါတယ်" လို့လည်း ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က