စနေနေ့မှာ ကစားမှာပါ။

ပါတေးကတော့ မန်စီးတီးနှင့်ပွဲမတိုင်မီ လေ့ကျင့်ခန်း၂ချိန်သာ ရှိထားမှာ ဖြစ်ပြီး တီယာနေးကတော့ ကိုဗစ်ရှိသူနှင့် အနီးကပ်ထိတွေ့ခဲ့မိလို့ သီးသန့် တစ်ဦးတည်း နေနေရသူပါ။

လာမယ့် စနေနေ့မှာ ယှဥ်ပြိုင်ကစားရမယ့် မန်စီးတီးအသင်းနဲ့ပွဲမှာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ပါတေးနဲ့ ကိုဗစ်ကြောင့် သီးသန့် နေထိုင်နေရတဲ့ ဘယ်နောက်ခံလူ တီယာနေးတို့ ပါဝင်လာနိုင်ဖွယ်ရှိမရှိတဲ့ မေးခွန်းအပေါ် မှာ နည်းပြ အာတီတာအနေနဲ့ တစ်စုံတစ်ရာ အတည်ပြုပေးလာခြင်း မရှိဘူးလို့ Sky Sports သတင်းဌာနက ဖော်ပြလာပါတယ်။



ပါတေးကိုတော့ အာဆင်နယ်အသင်းက အက်သလက်တီကိုအသင်းထံကနေ ပေါင် ၄၅သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး မနေ့ကမှ တရားဝင် ဓာတ်ပုံတွေနဲ့တကွ အသင်းနှင့်အတူ ပူးပေါင်းနိုင်ခဲ့တာပါ။

ယနေ့ ကြာသပတေးနဲ့သောကြာနေ့ လေ့ကျင့်ခန်းတွေမှာ ပါတေးရဲ့ ကြံ့ခိုင်မှုတွေကို စတင်စစ်ဆေးမှု လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒီနေ့မှာတော့ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း ဖြစ်လာမှာပါ။ မြန်မြန်အထိုင်ကျဖို့တော့ လိုပါတယ်။စနေနေ့မှာ ကြည့်ရမှာပေါ့။”လို့ အာတီတာက ဆိုပါတယ်။

ပါတေးနည်းတူ ကိုဗစ်ကြောင့် သီးသန့် ကွာရန်တင်းဝင်နေရတဲ့ ဘယ်နောက်ခံလူ တီယာနေးပါဝင်လာနိုင်မလားဆို တဲ့မေးခွန်းအပေါ်မှာလည်း အာတီတာက အတိအကျ မပြောနိုင်ခဲ့ပေ။

တီယာနေးကတော့ ကိုဗစ်ရောဂါပိုး တွေ့ရှိခံထားရတာ မဟုတ်ပဲ ကိုဗစ်ပိုးတွေ့ခဲ့တဲ့ စကော့တလန် အသင်းဖော်နဲ့ အနီးကပ် ရှိခဲ့တာကြောင့် အခုလို သီးသန့် တစ်ဦးတည်း နေပေးနေရတာပါ။

မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားရမှာ ဖြစ်ပြီး နည်းပြအာတီတာအတွက်တော့ ဒီရာသီမှာ ဆရာဟောင်း ဂွါဒီယိုလာနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက လက်ရှိမှာ ရမှတ် ၉မှတ်ရရှိထားပြီး အဆင့် ၄နေရာမှာ ရပ်တည်နေပေမယ့် မန်စီးတီးကတော့ တစ်ပွဲလျော့ ရမှတ် ၄မှတ်နဲ့ အဆင့် ၁၄မှာ ရှိနေပါတယ်။

Share

Loading Next Article...
က္က