အသင်းကိုရောက်ရှိလာပြီးကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူပါ။
Pyae Phyo Thein

အသက် ၃၁ နှစ်အရွယ် ဝေးလ်လက်ရွေးစင်ဟာ စက်တင်ဘာလအတွင်းက နိုင်ငံတကာပွဲစဉ် ၂ပွဲကို ပါဝင်ကစားပေးခဲ့ပြီးနောက် လက်ရှိအချိန်ထိ တစ်ပွဲမှ ကစားပေးနိုင်ခြင််းမရှိဘဲ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ 


စပါးနည်းပြမော်ရင်ဟိုက အသင်းမှာ ဂါရတ်ဘေးလ်ပျော်ရွှင်နေဖို့က အရမ်းအရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ အသင်းဟောင်းစပါးကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘေးလ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီး အသင်းအတွက် ကစားပေးဖို့ အသင့်ဖြစ်နေချိန်မှာ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားသွားရမယ့်ပွဲကို ဘေးလ်ပါဝင်နို်င်ဖွယ်ရှိတယ်လို့လည်း မော်ရင်ဟိုက အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဝေးလ်လက်ရွေးစင်ဟာ စက်တင်ဘာလအတွင်းက နိုင်ငံတကာပွဲစဉ် ၂ပွဲကို ပါဝင်ကစားပေးခဲ့ပြီးနောက် လက်ရှိအချိန်ထိ တစ်ပွဲမှ ကစားပေးနိုင်ခြင််းမရှိဘဲ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ 

မော်ရင်ဟိုက "အသင်းအဖွဲ့က အရေးအကြိးဆုံးအရာပါ၊ ဘေးလ်က ကျွန်တော်တို့ကို ကူညီဖို့ ရောက်ရှိနေတာဖြစ်ပြီး တချိန်တည်းမှာပဲ သူ့ကိုဂရုစိုက်ရပါတယ်၊ သူ့ကို အများကြီးပဲ ကျွန်တော်တို့ ဂရုစိုက်ရတာပါ၊ ဒါကြောင့် ကျွန်တော်တို့ချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းက အသင်းအတွက်ရော၊ သူ့အတွက်ပါ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်၊ ကျွန်တော်တိုနဲ့အတူ ပျော်ရွှင်တဲ့ ဘောလုံးရာသီကို သူရဖို့က အရမ်းအရေးကြီးပါတယ်"

"လက်ရှိအချိန်က သူ့ရဲ့ကစားသမားဘဝမှာ အရေးအကြီးဆုံးအခိုက်အတန့်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ မော်ရင်ဟိုကပြောခဲ့ပါတယ်။ စပါးကတော့ လာမယ့် ၁၀ ရက်အတွင်းမှာပဲ ငါးပွဲအထိ ကစားရဖို့ရှိနေပြီး အဆိုပါပွဲတွေအနက် လေးပွဲအထိကို အနိုင်ရဖို့ မော်ရင်ဟိုက မျှော်လင့်နေကြောင်းလည်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 

ဘေးလ်အနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ သူ့ရဲ့ တကျော့ပြန်စပါးကစားသမားဘဝ ပထမဆုံးပွဲကို ပါဝင်ကစားခွင့်ရမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ သူ ပြန်လည်ကစားဖို့ကိုလည်း ပရိသတ်အများအပြားကမျှော်လင့်နေပြီး စပါးအတွက် ခြေစွမ်းပြနိုင်မယ်လို့လည်း ယုံကြည်နေကြပါတယ်။ 


Author


က္က