ဒဏ်ရာပြသနာအနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။

မနေ့ကတော့ မက်ဂွိုင်းယားဟာ ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပေမယ့်လည်း ပါဝင်ဖို့ကတော့ မသေချာတော့ဘူးဖြစ်နေခဲ့ပါပြိ။ 


ယူနိုက်တက်အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာ နယူးကာဆယ်နဲ့ကစားရမယ့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် နောက်ခံလူဟာ ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုးလ်ရှားကဆိုခဲ့ပြီး စိန့်ဂျိမ်းစ်ပတ်မှာ ကစားရမယ့်ပွဲကို လိုက်ပါနိုင်ဖို့ အခွင့်အရေးနည်းပါးနေကြောင်း Independent က ဖော်ပြခဲ့ပါတယ်။ 



မက်ဂွိုင်းယားဟာ ဒိန်းမတ်နဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဝေဖန်မှုတွေ ခံနေရသူဖြစ်ပါတယ်။ ယူနိုက်တက်အတွက်လည်း ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ဂရိမှာဖြစ်ပွားခဲ့တဲ့ ပြသနာတွေနောက်ပိုင်းမှာ ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေက ကွင်းတွင်းခြေစွမ်းကိုပါ ရိုက်ခတ်လာခဲ့ဖြစ်ပါတယ်။ 

အင်္ဂလန်နောက်ခံလူကို ယူနိုက်တက်ကစားသမားဟောင်းတွေနဲ့ အင်္ဂလန်ကစားသမားဟောင်းတွေက ဝေဖန်ခဲ့ကြပြီး ဆောက်ဂိတ်နဲ့ ဆိုးလ်ရှားတို့ကို အဆိုပါပြသနာကို အမြန်ဆုံးဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ မနေ့ကတော့ မက်ဂွိုင်းယားဟာ ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပေမယ့်လည်း ပါဝင်ဖို့ကတော့ မသေချာတော့ဘူးဖြစ်နေခဲ့ပါပြိ။ 

"ဟယ်ရီက အင်္ဂလန်ရဲ့ နံပါတ်တစ်ဦးစားပေးကစားသမားပါ၊ သူ ထုတ်ပယ်ခံရတာက ကစားပွဲတစ်ခုမှာ ပုံမှန်အခြေအနေဖြစ်ပေမယ့်လည်း သတင်းစာခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်၊ ခင်ဗျားအတွက် ဘောလုံးက အဲဒါပဲလား၊ အနိမ့်အမြင့်၊ အတက်အကျတွေကို ကျွန်တော်တို့အားလုံးလက်ခံနိုငဖ်ို့လိုပါတယ်၊ တစ်ဦးချင်းစီရော၊ အသင်းအဖွဲ့လိုက်ရောပေါ့"

"သူကခံနိုင်ရည်ရှိသူဖြစ်ပြီး သူ ပြန်လာနိုင်မယ်ဆိုတာကို ကျွန်တော်သိပါတယ်၊ သူ ကစားဖို့စိတ်အားထက်သန်နေပြီး ဝေဖန်ခံနေရမှုတွေအောက်က ရုန်းထွက်ဖို့လည်းကြိုးစားနေပါတယ်၊ သူ ဒိန်းမတ်နဲ့ပွဲမှာ အထုတ်မခံရင် ဒဏ်ရာအနည်းငယ်ရှိခဲ့ပါတယ်၊ သူ ပြန်ကြံ့ခိုင်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ မနေ့က သူ့အခြေအနေကို ကျွန်တော်တို့ ကြည့်ခဲ့ပြီး ဒီနေ့မှာ ထပ်စစ်ဆေးသွားမှာပါ" လို့ ဆိုးလ်ရှားကပြောသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က