ယနေ့ည(စနေ)မှာ အာဆင်နယ်အသင်းနဲ့ ကစားရမှာပါ။

ကံကောင်းခြင်းတွေ မလာခင်မှာပဲ ကံဆိုးမှုနဲ့ ရင်ဆိုင်ရတဲ့ဂွါဒီယိုလာအတွက် ဒဏ်ရာရစာရင်းက အဓိက အား နည်းချက် ဖြစ်နေပါတယ်။

မန်ချက်စတာ စီးတီး အသင်းကတော့ ယနေ့(စနေ)ညမှာ အာဆင်နယ်အသင်းကို အိမ်ကွင်းဧည့်ခံ ကစားရဖို့ ရှိနေ ပေမယ့် အဓိက ကစားသမားတစ်ဦးဖြစ်သူ ဒီဘရိုင်း ဒဏ်ရာကြောင့် နားရမှာဖြစ်လို့ အထိနာခဲ့ရပါပြီ။



အသက် ၂၉နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပြိုင်ပွဲမှာလည်း လူစားလဲခြင်းခံခဲ့ရပါတယ်။

ဒီဘရိုင်းရဲ့ လူစားလဲခဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်ကတော့ ကြိုတင်ကာကွယ်ချင်လို့ လူစား လဲခဲ့ရတာဖြစ်ပေမယ့် မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ ယနေ့ပွဲကို မီနိုင်မှာမဟုတ်ဘူးလို့ ဆိုပါ တယ်။

“အခုပွဲ လွဲတာလောက်တော့ အရမ်းကြီး စိတ်မပျက်ပါနဲ့ နောက်လာမယ့်ပွဲမှာတော့ သူ ပြန်လည်ပါဝင်လာမယ်လို့ ထင်ပါတယ်။”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

ဒီဘရိုင်းအနေနဲ့ ဒဏ်ရာကြောင့်ပဲ ဘယ်လ်ဂျီယံနှင့်အင်္ဂလန်တို့ပွဲစဥ်အပြီးမှာ မိခင်ကလပ် မန်စီးတီးအသင်းထံ ပြန် လာခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ အာဆင်နယ်အသင်းနှင့်ပွဲမတိုင်မီ ကာလရှည်တစ်ခုဒဏ်ရာကြောင့် နားနေရတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂူရို လေ့ကျင့်ခန်း ပြန်လည်ဆင်းလာနိုင်တာကြောင့် အင်အားဖြစ်လာရချိန် အခုလို ဒီဘရိုင်းက မပါနိုင်တော့တာကတော့ စိတ်ပျက်ဖွယ်ပါ။

“အင်တာနေရှင်နယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်လို့ ကျွန်တော် ဘယ်တုန်းကမျှ စောဒဂ မတက်ပါဘူး။နိုင်ငံပွဲတွေက ကစားသမားတွေအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမယ့် အမြဲတမ်းတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာစေချင်ပါတယ်၊ဒါပေမယ့် တစ်ခါတရံ ဒါကို မထိန်းချုပ်နိုင်ပါဘူး။သိပ်ကြီးကြီးမားမား တော့ မဟုတ်ပါဘူး၊ရက်အနည်းငယ်လောက်ပဲ ကြာမယ် ထင်ပေမယ့် ဘယ်လောက်ဆိုတာတော့ မပြောတတ်ပါ ဘူး။”လို့ ဂွါဒီယိုလာက ဆက်လက်ပြောပါတယ်။

မန်စီးတီးမှာ ဘရာဇီး တိုက်စစ်မှူး ဂျီးဆပ် ဒဏ်ရာကြောင့် လွဲချော်နေရအုံးမှာ ဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ကာလ ရှည် နားနေရတဲ့ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုကတော့ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

အသင်းနဲ့လည်းလေ့ကျင့်ခန်း ၃၊၄ကြိမ်လောက် လုပ်ဆောင်နေနိုင်ပြီလို့ သိရပြီး လေ့ကျင့်ခန်းလည်း အကောင်းဆုံး လုပ်ဆောင်နေနိုင်တယ်လို့ ဂွါဒီယိုလာက ဆိုပါသေးတယ်။

ဒါပေမယ့် ဂွါဒီယိုလာကတော့ အဂူရို ပါဝင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် မပေးနိုင်သေးပေ မယ့်လည်း ဂျာအို ကန်ဆယ်လိုနှင့်ဘာနန်ဒိုဆေးလ်ဗားတို့ကတော့ အာဆင်နယ်နှင့်ပွဲမှာ ပါဝင်လာမယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က