လိဂ် အဖွင့်၃ ပွဲမှာ ၂ပွဲရှုံး၁ပွဲသာ အနိုင်ရထားပါတယ်။

လိဂ် အဖွင့် ၃ပွဲမှာ ၂ပွဲရှုံး ၁ပွဲနိုင်ထားပြီး ရမှတ် ၃မှတ်နဲ့ အဆင့် ၁၆မှာရပ်တည်နေကာ ရှုံးပွဲ ၂ပွဲမှာလည်း ပေးဂိုးက ၉ဂိုးအထိ ရှိနေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် အစ ၃ပွဲမှာ ၂ပွဲရှုံး ၁ပွဲသာ အနိုင်ရထားပြီး ရှုံးပွဲ ၂ပွဲမှာ ပေးဂိုးက ၉ဂိုး အထိရှိနေခဲ့ပါတယ်။



ဒီလိုအခြေအနေမှာ ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး ရှုံးပွဲတွေ အား လုံးဟာလည်း သူ့မှာသာ တာဝန်အရှိဆုံးလို့ ဝန်ခံ ဖွင့်ဟလာတဲ့အကြောင်း Goal.comကဖော်ပြလာပါတယ်။

ရှုံးပွဲတွေအတွက် ယူနိုက်တက်နှင့်ဆိုးလ်ရှားဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီး ဆိုးလ်ရှားနေရာမှာလည်း စပါး နည်းပြဟောင်း ပွန်ချက်တီနိုနဲ့ အစားထိုးဖို့ နီစပ်နေပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။

ဒါပေမယ့်လည်း နည်းပြနေရာအတွက် အတင်းအကျပ် ဖိအားပေးခြင်း ခံနေရတာမျိုး ဆိုးလ်ရှား မဖြစ်နေဘူး ဆိုပေမယ့် ရှုံးပွဲတွေအတွက် တာဝန်ယူဖို့တော့ လိုလိမ့်မယ်လို့ သုံးသပ်ဖော်ပြနေကြပါတယ်။

“ကျွန်တော်က အသင်းမန်နေဂျာပါ၊ဒါကြောင့် တစ်စုံတစ်ရာ ရိုက်ခတ်မှုတွေက ကျွန်တော်နဲ့ပဲ ဆိုင်ပါတယ်။အ ကယ်လို့ သင်သာ ယူနိုက်တက်ရဲ့ ကစားသမား(သို့)ဝန်ထမ်းတစ်ဦး ဖြစ်နေခဲ့မယ်ဆိုရင် ဒီအခြေအနေကို အသုံးချ သင့်ပါတယ်။ယုံကြည်မှုကို အကောင်းဆုံး တည်ဆောက်ပြီး ကစားသမားတွေကိုလည်း ဝန်ထမ်းတွေက စိတ်ဓာတ် မြှင့်ပေးရမပါမယ်။အသင်းက သူတို့အပေါ် ဘယ်လောက်ယုံကြည်ကြောင်း ပြောပေးရပါမယ်။အခုတော့ လာမယ့် ကာဆယ်နဲ့ပွဲမှာ အနိုင်ရပြီး အဆင့်မြင့်တက်ဖို့ လုပ်ဆောင်နေပါတယ်။”လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ယနေ့ညမြန်မာစံတော်ချိန် တနင်္ဂနွေ နံနက် ၁နာရီခွဲမှာ နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်း မှာ သွားရောက် ကစားရမှာပါ။

Share

Loading Next Article...
က္က