မနက်ဖြန်မပါရင် ယူရိုပါလိဂ်ပွဲတော့ သေချာပေါက် ပါလာမယ်လို့ သိရပါတယ်။

ဘေးလ်ကတော့ ရီးရဲကနေ အငှားနဲ့ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပြီး ဒူးဒဏ်ရာ အကင်းမသေသေးလို့ စပါးအ သင်းရဲ့ အစောပိုင်းပွဲတွေကို လွဲချော်ထားခဲ့တာပါ။

ရီးရဲအသင်းကနေ ပြန်လည်ခေါ်ယူထားတဲ့ တောင်ပံ တိုက်စစ်မှူးဂါရတ်ဘေးလ်အနေနဲ့ လာမယ့် ဝက်စ်ဟမ်းနဲ့ ကစားမယ့် ပွဲမှာ စတင်ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြော သွားပါတယ်။



အသက် ၃၁နှစ်အရွယ်ဘေးလ်ကတော့ စပါးကို ရောက်လာပေမယ့် ဒူးဒဏ်ရာအရှိန်ရှိနေသေးလို့ ကြံ့ခိုင်မှု ပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂ပတ်လောက်ကတည်းက အပြည့်အဝ လေ့ကျင့်ခန်း ပြုလုပ်နိုင်နေပြီ ဖြစ်ပြီး ကြံ့ခိုင်မှု ပိုင်းလည်း အကောင်းဆုံး ပုံစံရနေပြီလို့ နည်းပြ မော်ရင်ဟိုက အတည်ပြု ပြောခဲ့ပါတယ်။

“တနင်္ဂနွေမှာ သူကစားနိုင်ကောင်း ကစားပါလိမ့်မယ်။တနင်္ဂနွေ မပါဘူးဆိုရင်တော့ ဗုဒ္ဓဟူးနေ့ ကသေချာပါတယ်။ ကစားရဖို့ အရမ်းနီးနေပါပြီ။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

စပါးအသင်းအနေနဲ့ လာမယ့် ကြာသပတေးနေ့မှာတော့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် သြစတြီးယားကလပ် LASK အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

ဘေးလ်ကတော့ အသင်းကို ပြန်လည်ရောက်ကတည်းက ကစားဖို့ ဆန္ဒပြင်းပြနေခဲ့တာ ဖြစ်ပေမယ့်လည်း ခန္ဓာ ကိုယ်က မဖြစ်နိုင်လို့ ကစားခွင့်မရသေးတာလို့လည်း မော်ရင်ဟိုက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့လည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်လာမှာ ဖြစ်ပြီး အဲရစ်ဒိုင်ယာ ကတော့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့အတည်ပြုပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က