အဝေးကွင်းမှာ ၆ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာပါ။

ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စိတ်အားတက်ကြွမှုတွေ၊ အသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ သွင်းဂိုးတွေကို ရရှိခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 


နယူးကာဆယ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူတို့ရဲ့ ဘောလုံးရာသီစတင်ပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စိတ်အားတက်ကြွမှုတွေ၊ အသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ သွင်းဂိုးတွေကို ရရှိခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 



ပွဲအစတစ်မိနစ်မှာပဲ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကြောင့် လုခ်ရှောက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်မက်ဂွိုင်းယားက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူကာ ချေပပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက်သွင်းယူကာ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီလွဲချော်ခဲ့သေးပေမယ့်လည်း သူ ကိုယ်တိုင်ကပဲ အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ကာ ရက်ဖို့ဒ်၊ ဝမ်ဘစ်စ်ကာတို့က နောက်ထပ်ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ ဝေဖန်ပြစ်တင်မှုတွေခံနေရတဲ့ နောက်ခံလူမက်ဂွိုင်းယားရဲ့ သွင်းဂိုးအတွက်လည်း ဆိုးလ်ရှားက ကျေနပ်နေခဲ့ပြီး ပွဲအပြီးမှာ အခုလိုပဲပြောခဲ့ပါတယ်။ 

"ဟယ်ရီရဲ့ သွင်းဂိုးနဲ့ ခေါင်းဆောင်မှုက ဥပမာပါပဲ၊ သူက ကောင်းမွန်တဲ့ပုံစံကို ပြသခဲ့ပါတယ်၊ သူ့အတွက် ကျွန်တော်ပျော်ရွှင်ပါတယ်၊ သူ ရက်သတ္တပတ်အနည်းငယ်လောက် အခက်တွေ့နေခဲ့ရတာပါ၊ ကြီးမားတဲ့ရလဒ်နဲ့ ကြီးမားတဲ့ စရိုက်လက္ခဏာကို ပြသနိုင်ပြီး ပြန်လာနိုင်ခဲ့တဲ့ပွဲပါ၊ ကျွန်တော့်ကောင်လေးတွေက စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားခဲ့ကြပါတယ်"

"သူတို့ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပွဲတိုင်းကို ဒီလိုကစားဖို့အားထုတ်နေကြတာပါ၊ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ဘောလုံးရာသီက စတင်ပါပြီ၊ ကျွန်တော်တို့က မြန်နှုန်းမြင့်ကစားဟန်နဲ့ ကစားနိုင်ခဲ့တယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်၊ ကစားသမားအနည်းငယ်ကို အနားပေးထားခဲ့ပြီး သူတို့တွေ ဝင်ရောက်လာချိန်မှာ ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်" လို့ ဆိုးရှားလ်က ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က