မန်စီးတီးကို ၁-၀နဲ့ အရေးနိမ့်ခဲ့တာပါ။

ပွဲပြီးချိန်မှာ တစ်ချိန်က အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးသူ မန်စီးတီး ကစားသမား ဂန်ဒိုဂန်နဲ့ စကားလက်ဆုံကျပြီး ရယ်မောမိတဲ့ အခိုက်အတန့်ကို ဒေါသထွက်နေကြတာပါ။

မန်စီးတီးကို ၁-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီး နှစ်ဖက်ကစားသမားများ နှုတ်ဆက်ချိန်မှာ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းက ရယ်မောနေတဲ့ ပုံရိပ်ကို အသင်းပရိသတ်တွေ ဝေဖန်နေလျက်ရှိပါတယ်။



မန်စီးတီးကတော့ တိုက်စစ်မှူးစတားလင်းရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့ပြီး အဆင့် ၉ နေရာထိ တက်လှမ်းလာပါတယ်။

တိုက်စစ်မှူး အူဘာမီယန်းကတော့ အဆိုပါပွဲမှာ အနည်းငယ် အခက်တွေ့ခဲ့ပြီး တိုက်စစ်ဆင်ရာမှာ တိကျပြတ်သား တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက ပြိုင်ဖက် ကစားသမား ဂန်ဒိုဂန်နဲ့ တွေ့ဆုံ နှုတ်ဆက်ရာမှာ အူဘာမီယန်းက ရယ်မောနေခဲ့တာ ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဒေါ့မွန်အသင်းမှာတုန်းက ကစားဖော်တွေလည်း ဖြစ်ခဲ့ဖူးသူတွေပါ။

ဒါပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေကတော့ အသင်းရှုံးပွဲကြုံနေတာကို ရယ်နေနိုင်တဲ့ အူဘာရဲ့ အပြုအမူ ကို မနှစ်လိုကြပဲ ရှိနေကြတာပါ။

အာဆင်နယ်ပရိသတ်တစ်ဦးကတော့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ “ဘာဖြစ်လို့ သူက အရမ်းတွေ ပျော်နေရတာလဲ”ဆိုပြီး နားမလည်နိုင်တဲ့ စာသားတစ်ကြောင်းကို ရေးတင်ထားတယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း ရယ်ချင်လည်း မီဒီယာမှာ မပါနိုင်မယ့် ဥမင်ထိတော့ ရောက်အောင် စောင့် သင့်တယ်လို့ ပြက်ရယ်ပြု ရေးသားထားပါသေးတယ်။

“အသင်းခေါင်းဆောင်တစ်ယောက်ဟာ အသင်းရှုံးနေချိန်မှာ ရယ်နေတယ်” ဆိုတဲ့ ခပ်ပျက်ပျက် စာသားတစ် ကြောင်းကိုလည်း ပရိသတ်တစ်ဦးက တင်ခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းကတော့ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ရက်ပစ်ဗီယင်နာအ သင်းနဲ့ ကစားဖို့ ရှိနေပါတယ်။

အဲ့နောက် တနင်္ဂနွေမှာတော့ လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံပြီး ပရီးမီးယားလိဂ် ပွဲစဥ်၆ အဖြစ် လက်ခံ ကစားသွားရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က